[Unicode]Companyအကြီးအကဲ၏ရုံးခန်းဟုထင်ရသောအခန်းထဲတွင်...
"အဖေ...Kim Taehyungကိုသမီးတကယ်မျှော်မှန်းလို့မရတော့ဘူးလား"
စကပ်အကျပ်တိုနှံ့နှံ့လေးနဲ့အပေါ်က မိန်းမဝတ်ရှပ်လေးကို ကြယ်သီးနှစ်လုံးလောက်ဖြုတ်ထားပြီး ခါးထိရှည်သည့်ဆံနွယ်တွေကို ဖြာချထားသည့်သူမက မျက်နှာသွင်ပြင်သာမက ခန္ဓာကိုယ်အချိုးအစားကပါပြေပြစ်လွန်းလှသည်။
သူမက သူမ၏အဖေအားမေးလိုက်ခြင်းပင်။
ထိုအခါအလုပ်စားပွဲကုလားထိုင်ပေါ်တွင်ထိုင်နေသည့် အဖေဖြစ်သူက..."အဖေလဲ သူတို့သားအမိကိုအကြွေးနဲ့သိမ်းမလို့လုပ်ပါသေးတယ်။ဒါပေမဲ့ CEO Jeonက အကုန်ပြန်ဆပ်ပေးလိုက်တယ်"
"ဟာ!! အဖေကဘာလို့ အကုန်ပြန်ဆပ်တာကိုယူလိုက်ရတာလဲ"
"CEO Jeonကိုပေါ့သေးသေးမှတ်လို့မရဘူး...အဖေတို့အသက်နဲ့ခန္ဓာ အိုးစားကွဲသွားနိုင်တယ် ပြီးတော့သူက အဖေတို့ companyမှာအများဆုံးရှယ်ယာဝင်ထားတဲ့သူ။နောက်ပြီးတော့ အဖေတို့ရဲ့ မှောင်ခိုလုပ်ငန်းတွေအားလုံးအကြောင်းလဲ သူသိထားတယ်"
"အဲ့တာအဖေတို့ ကိစ္စပါ...Lee Haeyoonဆိုတဲ့သမီးက လိုချင်တာကိုတော့ ရအောင်ယူမှာပဲ"
"သမီး!.."
"ဟင့်အင်း...Kim Taehyungက သမီးလူ...။အဖေမကူညီပေးချင်ရင်အသာနေပါ။သမီးဘာသာကြည့်လုပ်မယ်"
ပြောပြီး အခန်းထဲကနေ ဒေါက်ဖိနပ်သံ တဂွပ်ဂွပ်ဖြင့်ထွက်သွားသောသူမ။
အဖေဖြစ်သူကတော့ နောင်တတွေသာ အလိမ့်လိုက်ရနေမိသည်။ဒီသမီးလေးတစ်ယာက်ပဲရှိတာမို့ အလိုလိုက်ခဲ့မိတာ ကိုယ်မွေးခဲ့တဲ့မျောက်ကိုယ့်ကိုပြန်ခြောက်နေပါရောလား။
အခုလဲ အဲ့ကလေးမ CEO Jeonကိုသွားပြဿနာရှာရင် ဒီဖအေက စီးပွားရေး ကျပ်တည်းရအုံးမယ်။"ဟူး!!!"
Mr. Leeတစ်ယောက် သက်ပြင်းကိုသာဆွဲချမိသည်။
∆∆∆∆
ညနေပိုင်း Jeonစံအိမ်တော်တွင် ထုံးစံအတိုင်းတိတ်ဆိတ်နေသည်။ခြံရှေ့သို့ Taxiတစ်စီးစိုက်လာပြီးကားပေါ်ကဆင်းလာသည့်ကောင်လေး...
Taehyungလဲ Taexiခ ကျသင့်သလောက်ရှင်းပြီး အိမ်ထဲဝင်လာခဲ့သည်။