[Unicode]မျက်လုံးပေါ်ထိုးကျနေတဲ့အလင်းရောင်စူးစူးတို့ကိုအံတုပြီး Taehyungမျက်လုံးကိုဖွင့်လိုက်သည်။ ခန္ဓာကိုယ်ကလဲ ထိုင်ခုံပေါ်မှာထိုင်နေရင်း လက်ကိုနောက်ပြန်ကြိုးတုပ်ခံထားရတာကြောင့် မျက်လုံးတို့ကိုပွတ်လို့မရချေ။ အရာအားလုံးက မှုန်ဝါးဝါး...။
ခနနေတော့ မျက်လုံးက ထင်ထင်ရှားရှားမြင်ရလာသည်။ အခုသူရောက်နေတဲ့နေရာက အခန်းတစ်ခု။ အမှောင်ချထားတဲ့အခန်း။ အခန်းထဲမှာသူကလွဲလို့ဘယ်သူမှမရှိ။ ကစားကွင်းမှာ ခပ်ထွားထွားလူကြီးနှစ်ယောက်က သူ့ကိုမေ့ဆေးအပ်နဲ့ထိုးပြီးဒီကိုခေါ်လာခဲ့တာ...
Jungkookကတော့ သူ့ကိုစိတ်ပူနေတော့မှာ...
~ကျွီ~
တံခါးဖွင့်သံကြားရလို့ Taehyungကြည့်လိုက်မိသည်။
ဟက်...ဘာလို့မစဉ်းစားမိလိုက်တာပါလိမ့်။ သူ့ကိုဒီလိုမျိုးလုပ်မဲ့သူက အမ HaeYoon အပြင်ဘယ်သူရှိအုံးမှာလဲ..."မင်းတောင်နိုးနေပြီပဲ..."
HaeYoonရဲ့အပြောကို Taehyung အဖတ်မလုပ်ပါ။
"အဲ့လောက်လဲ တို့ကိုမနာကျည်းပါနဲ့...မင်းကြောင့် တို့ ဘာတွေကိုစွန့်လွှတ်လိုက်ရပြီးဆုံးရှုံးလိုက်ရလဲ သိလား...မင်းမသိပါဘူး"
"ဟ့ အဲ့တာ အမကိစ္စလေ...ကျနော့်ကိုပြန်လွှတ်ပေး"
"မလောပါနဲ့ ပြန်လွှတ်ပေးမှာပါ။ ဒီလက်ထပ်စာချုပ်လေးမှာ မင်းလက်မှတ်လေးထိုးပြီးရင်..."
Lee HaeYoonက သူ့လက်ထဲက လက်ထပ်စာချုပ်ကို Taehyungအားပြလိုက်သည်။
"အမ...ရူးနေလား!!! ကျနော်က မကြာခင်လက်ထပ်တော့မှာ"
"သိတယ်လေ!! အဲ့တာကြောင့်မို့ မင်းသူများဆီမပါသွားခင် ဒီလက်ထပ်စာချုပ်မှာ လက်မှတ်ထိုးခိုင်းနေတာပါ"
Taehyungမှာ ဘာပြောရမှန်းတောင်မသိတော့။ အမ HaeYoonသူ့ကိုသဘောကျနေတာ လွန်ခဲ့တဲ့၅နှစ်လောက်တည်းကပါ။ ဒါပေမဲ့ သူအမ HaeYoonကိုငြင်းခဲ့တာ...အမ HaeYoonလို လူချမ်းသာ အသိုင်းအဝိုင်းထဲကလူနဲ့သူနဲ့ဆိုတာက ရေနဲ့ဆီလိုကွာခြားလွန်းခဲ့တယ်လေ။ အခုကျတော့ သူ့မှာက ချစ်ရတဲ့လူလဲရှိနေပြီ။ ပြီးတော့ ရက်အနည်းငယ်နေရင်ပဲလက်ထပ်တော့မှာ...