[Unicode]
Jungkookအခု သူရောက်နေတာက bar...။သူငယ်ချင်းတွေနဲ့ချိန်းထားတယ်ဆိုတအခွံသက်သက်သာ။
သူ့မှာ ပိတ်ရက်တွေဆို လာစရာနေရာက bar တစ်ခုသာရှိသည်။သူ့ဘေးတွင် သူ၏သူငယ်ချင်း Adam။
Adamဆိုသည်မှာ jungkookရဲ့အခင်ရဆုံးသူငယ်ချင်း တစ်နည်းပြောရရင် jungkookရဲ့ဆိုးပေတေမှန်သမျှကို မငြီးမငြူပဲ ခံနိုင်သူ၊ jungkookကိုအနားလည်ပေးနိုင်ဆုံးသူပင်။
Adamက ပြင်သစ်-ကိုရီးယား ကပြားဖြစ်သည်။ဖခင်ဖြစ်သူက ပြင်သစ်ဖြစ်တာမို့ သွေးကဥရောပသွေးရောသည်။မိခင်ကတော့ကိုရီးယားသူပင်။ငယ်ငယ်ကတည်းက မိခင်ကိုတွယ်တာ တာကြောင့် ဖခင်နှင့်အတူမနေပဲ မိခင်ရဲ့မွေးရပ်မြေဖြစ်သော ကိုရီးယားမှာသာလာနေသည်။
အလယ်တန်းစတက်ကတည်းက Jungkookနှင့်ဆုံသည်မို့ သူတို့နှစ်ယောက်က ငယ်ပေါင်းတွေလိုဖြစ်နေသည်။ယခုပဲ တက္ကသိုလ်တက်နေကြပြီမဟုတ်လား။အခုလဲ Jungkookက barကိုခနလာခဲ့ပါဆိုလို့ စောစောစီးစီး barကိုရောက်လာရသည်။
"ဟျောင်!...သားရီး။ Jungkook မနက်ကြီးကိုbarမှာချိန်းတယ်!!"
ထိုအခါ အရက်ခွက်ကိုကိုင်ကာ မသောက်ပဲနဲ့ တို့စိတို့စိလုပ်နေသော Jungkookက...
"အဲ့တော့ မင်းက မကြိုက်ဘူးလား..."
အမှန်ပင်...Adamတစ်ယောက် သူ့ကိုမနက်အစောကြီး barကိုချိန်းတာမို့မကြိုက်ဘူးမထင်လိုက်ပါနှင့်...သူကပိုတောင်ကြိုက်သေးသည်။အရင်ကဆို သူကအရင် Jungkookကိုချိန်းနေကြပင်။
"မင်းမှာ ဘာပြဿနာရှိနေလို့လဲ"
Adamကမေးလိုက်ချင်းပင်။
"ငါသဘောကျနေတဲ့လူက...ငါ့ကိုလက်မခံဘူးဖြစ်နေတယ်"
Jungkookရဲ့ ပြောစကားကြောင့် Adamတစ်ယောက် တစ်အံ့တစ်သြဖြင့်...
"အံမယ်...ငါတို့ Jungkookမှာ သဘောကျတဲ့လူတွေဘာတွေရှိလို့ပါလား..."
"ငါနောက်နေတာမဟုတ်ဘူး...Adam...အတည်ပြောနေတာ"
Adamလဲတစ်ချက်ပြုံးလိုက်ကာ...
"ဟက်!...ဘယ်က ကောင်မလေးမို့လို့လဲ?"
ထိုအခါ Jungkookက လေးပင်စွာ...