[Unicode]
မနက်ခင်းရဲ့အစမှာ အရင်နိုးနေတဲ့သူက Jungkookပင်။ သူ့ခဗျာသူ့ကိုကို ကိုကြည့်လို့မဝ...ရှုလို့မဆုံးဖြစ်နေရှာသည်။
အမှန်တိုင်းပြောရရင် တစ်ချိန်လုံး၊တစ်နေ့လုံး တစိမ့်စိမ့်ကြည့်၊တစိမ့်စိမ့်ငေးပြီး ကိုကိုဘယ်လောက်လှကြောင်းကိုအသေးစိတ်ပုံဖော်ချင်တာ။
ဝရံတာဘက်ကထိုးလာတဲ့နေရောင်ကြောင့် Taehyungရဲ့ကိုယ်ပေါ်ကမွှေးညင်းနုနုလေးတွေကအစမြင်နေရသည်။ Jungkookရဲ့အတွေးတို့မဆုံးသေးခင်မှာပဲ အနှီလူသားလေးကလှုပ်လှုပ်ရွရြွဖစ်လာတာကြောင့် Jungkookတစ်ယောက်အိပ်ချင်ယောင်ဆောင်နေလိုက်သည်။
Taehyungနိုးလာတော့ Jungkookမနိုးသေးဘူးဟုပင်ထင်နေသည်။ Taehyung လဲ Jungkookရဲ့မျက်နှာလေးကိုသေချာစိုက်ကြည့်နေမိသည်။ဒီယုန်ရုပ်လေးနဲ့ကောင်လေးကသူ့ကိုအပိုင်သိမ်းသွားတာတဲ့ မယုံနိုင်စရာ။
"ကိုကို ကျနော့်ကိုကြည့်လို့ဝပြီလား?"
Jungkookရဲ့စကားကြောင့် Taeမှာရှက်ကိုးရှက်ကန်းဖြင့် Jungkookရဲ့ရင်ခွင်ထဲကထွက်ကာထထိုင်လိုက်ပြီး...
"မင်းက အိပ်ချင်ယောင်ဆောင်တယ်ပေါ့ ဟုတ်လား!"
"ကျနော်က မနိုးချင်ယောင်ဆောင်နေတာပါဗျ"
"မင်းဟာလေ..."
Taehyungကပြောရင်း Jungkookကိုဘေးနားကခေါင်းအုံးနဲ့ထုတော့သည်။
"အား!...ကိုကိုကလဲ ကိုယ့်ယောက်ျားကိုအဲ့လိုမလုပ်ရဘူးလေ"
"ဘာကို ကိုယ့်ယောက်ျားလဲ...အရှက်လဲမရှိဘူး"
"မဟုတ်လို့လား...ညကတောင် ကျနော်တို့ဟိုဟာ..."
Jungkookစကားဆက်မပြောနိုင်အောင် Taehyungကသူ့လက်နဲ့ Jungkookရဲ့ပါးစပ်ကိုအုပ်လိုက်သည်။အဲ့တာကို Jungkookကမကျေနပ်ကာ Taeကိုအိပ်ယာပေါ်လှဲချပြီး နောက်တဖန် အုပ်မိုးလိုက်ပြန်တော့သည်။
"ဘာလဲ!...ကိုကိုက မနက်ခင်းတစ်ချီထပ်ဆွဲချင်လို့လား? ဟမ်"
Jungkookကပြောရင်း Taehyungရဲ့လည်တိုင်ကိုတရှုံ့ရှုံ့နမ်းလာလေသည်။
"ခ်ခ်!...Jungkookမလုပ်နဲ့ ယားတယ်လို့"
သို့သော် Jungkookကမရပ်သေးပေ။