[Unicode]
မနက်၅နာရီလောက်မေမေတို့ကို လေယာဉ်ကွင်းလိုက်ပို့ရန်အိပ်ယာမှထဖို့ Taehyungပြင်လိုက်တော့ လူကတစ်စုံတစ်ယောက်ရဲ့ရင်ခွင်ထဲနစ်မြုပ်နေတာကြောင့်ထလို့မရပေ။ ထိုတစ်စုံတစ်ယောက်ကသူ့အားဖက်၍အိပ်ပျော်နေခြင်းသာ...
Taehyungလဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသောထိုလူသားအား မနှိုးချင်ပေမဲ့ အခုမှမထရင် လေယာဉ်ကွင်းသွားဖို့နောက်ကျလိမ့်မည်။"Jungkook!"
နှစ်ကိုယ်စာကြားရရုံအသံလေးဖြင့်နှိုးသော်လည်း Jungkookကလှုပ်ရုံသာလှုပ်သည်။ဒါပေမဲ့မနိုးတာတော့မဟုတ်...
"Jungkook! ရေ...ထတော့ မဟုတ်လဲ ကိုကို့ကိုလွှတ်အုံး"
~အင်း~
"5မိနစ်လောက်ပဲထပ်အိပ်ပါရစေ"
"ကျစ်! ထပ်အိပ်လို့မရဘူး...ဒယ်ဒီတို့ကိုလိုက်ပို့ပေးရအုံးမယ်မလား"
Taehyungကထိုသို့ပြောလိုက်တော့ Taehyungအားဖက်ထားရာမှလွှတ်ပေးလာပြီးချက်ချင်းထထိုင်လာသည့် Jungkook...
"ထပြီ!!"
"လိမ္မာတယ် ကိုကို့ညီလေးက"
Taehyungရဲ့ပြောစကားကြောင့် Jungkookရဲ့မျက်ခုံးများမသိမသာနည်းနည်းလေးတွန့်ချိုးသွားခဲ့သည်။ဘာကိုအလိုမကျမှန်းမသိပေမဲ့...
Taehyungတစ်ယောက်သူအိပ်တဲ့ဘက်ခြမ်းကိုသေသေချာချာသပ်သပ်ရပ်ရပ်လေးပြင်ဆင်ပြီးတော့အခန်းထဲကထွက်မယ်ကြံချိန်...Jungkookပြောလိုက်တဲ့စကားကြောင့်ကြက်သေသေသွားရသည်။
"ကျနော်တို့က လင်မယားနဲ့မတူဘူးလားဟင်...ဒီလိုမျိုးမနက်စောစောအိပ်ယာထတဲ့ပုံကအစ...ကိုကိုကကျနော့်ကိုနှိုးပေးတယ်လေ"
"Jungkook!! ပေါက်ကရတွေပြောမနေနဲ့တော့ ကိုကိုတို့ကညီအစ်ကိုတွေပဲ လုပ်စရာရှိတာလုပ်ကြမယ်...မေမေတို့လဲနိုးနေလောက်ပြီ"
လို့ပြောပြီးကိုယ့်အခန်းကိုယ်ပြန်သွားသော Taehyung။ Jungkookကတော့မျက်နှာငယ်လေးနှင့်သာ...
နေမြင့်လေအရူးရင့်လေဆိုသလို ဒီကိုကိုမှသူမပိုင်ဆိုင်ရင် ဒီ့ထက်ပိုရူးရလိမ့်မည်။