[Unicode]Jungkookတစ်ယောက် Dynamite restaurantတွင် ကျောင်းသွားခါနီး Lee HaeYoonဆိုသည့် အမျိုးသမီးကို banana milkသောက်ရင်းစောင့်နေသည်။စားသောက်ဆိုင်ရောက်နေပေမဲ့ မှာမနေတော့ပေ။လက်စွဲတော် banana milkကိုသာသောက်လိုက်တော့သည်။
ခနနေတော့ ဖင်ကော့ရင်ကော့နဲ့လျှောက်လာပြီး၁နှစ်သားအရွယ်လောက်ဝတ်တဲ့အဝတ်အရွယ်အစားကို ခန္ဓာကိုယ်အားကပ်သတ်စွာဝတ်လာသည့်အမျိုးသမီးက သူထိုင်နေသည့်မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လာတာကြောင့် Lee HaeYoonဆိုတဲ့မိန်းမမှန်းတန်းသိလိုက်သည်။
"တို့က Lee HaeYoonပါ"
သူမက သူမရဲ့နေကာမျက်မှန်ကိုချွတ်ရင်းဆိုလိုက်သည်။
"ခင်ဗျားမှာ အင်္ကျီမရှိတော့ဘူးလား...ကလေးအင်္ကျီကောက်ဝတ်လာတယ်"
Lee HaeYoonတစ်ယောက်သူမရဲ့ဖက်ရှင်ကိုလာစော်ကားနေသလိုဖြစ်တာကြောင့်တင်းသွားပေမဲ့ ဘာမှတော့ပြန်မပြောပေ...
"မင်းကိုကြည့်ရတာတော့...Taehyungကိုသဘောကျနေပုံပဲ"
"ခင်ဗျားသိရင်လဲ ကျနော့်ကိုဦးစားပေးတဲ့အနေနဲ့ ခင်ဗျားနောက်ဆုတ်ပေးလေ"
"ဟက်!...အဲ့တာမင်းလုပ်ရမဲ့ကိစ္စထင်တယ်...ပြီးတော့မင်းက ကလေးပဲရှိပါသေးတယ်"
အလုပ်ရှိအကိုင်ရှိတွေက တက္ကသိုလ်ကျောင်းသားအရွယ်တွေကို အခုထိကလေးလို့ထင်နေတုံးလား...
"အဲ့တော့ ကျနော်က နောက်ဆုတ်ပေးရမယ်ပေါ့"
"ဒါပေါ့...မင်းကသဘောပေါက်လွယ်သားပဲ"
"ခင်ဗျား အခါ၁၀၀၀လဲသေရင်တောင် ဖြစ်လာမှာမဟုတ်ဘူး"
အချိန်တော်တော်ကြာကြာ Jungkookနဲ့ HaeYoonအကြည့်ချင်းတိုက်ပွဲဆင်နွှဲနေခဲ့ကြသည်။ကြာလာတော့ Lee HaeYoonက Jungkookရဲ့အကြည့်စူးစူးတွေကို ရင်မဆိုင်နိုင်တော့ပေ။
"မင်းကိုဉာဏ်ကောင်းတဲ့လူလို့ထင်ခဲ့တာ...ဘယ်ဟုတ်မလဲ...မင်းက တုံးအ လွန်းတယ်"
"အဲ့တာ ကျနော့်စောက်ကြောင်းလေ...ခင်ဗျားစောက်ပူပါမယ်မထင်ဘူး!"
"တို့ကတော့...ပြောစရာရှိတာပြောပြီးပြီ...နောက်ဆုတ်ပေးဖို့က မင်းတာဝန်...မဟုတ်ရင် တို့အဆိုးမဆိုနဲ့"