[Unicode]On Sunday
Jeon သခင်ကြီးက မင်္ဂလာပွဲအခမ်းအနားလုပ်မနေတော့ပဲ တရားရုံးမှာလက်မှတ်သာထိုးပြီး သူ့အမျိုးသမီးနဲ့ Taehyungကို Jeonစံအိမ်တော်သို့ခေါ်လာခဲ့လိုက်သည်။
"အိမ်တော်ထိန်း Choi ...အထုပ်အပိုးတွေကိုအခန်းထဲသယ်သွားပေးပါ "
အိမ်ကြီးအားငေးနေသော Taehyungအား Jeon သခင်ကြီးက
"Taehyung သား!...။သားအခန်းက အပေါ်ထပ်မှာ "
"ဗျာ!"
"အာ...sorry အိမ်တော်ထိန်း Choi Taehyungလေးကိုအခန်းအရင်ပြလိုက်အုံး ပြီးမှအထုပ်အပိုးတွေသယ်သွားချေ။"
ထိုအခါအိမ်တော်ထိန်းကြီးလဲ
"ဟုတ်ကဲ့ သခင်ကြီး"
"နေပါစေ အခန်းပဲလိုက်ပြပါ...အထုပ်တွေက ကျနော့်ဘာသာကိုဆွဲလိုက်ပါ့မယ်"
Taehyungကအထုပ်တွေကို ကိုယ်တိုင်သယ်မည်ဟုပြောသောကြောင့် အိမ်တော်ထိန်းကြီးလဲ အခန်းပြရန်သာ ခေါ်သွားသည်။
အဲ့တော့မှ Taehyungအမေက...
"ဟို...အကို...ညီမလေ အကို့ကိုအရမ်းကျေးဇူးတင်ပါတယ် ညီမတို့သားအမိကိုအခုလိုမျိုး..."
"အလိုပါဘူး...ညီမရယ် အခုညီမက Jeonမျိုးရိုးဖြစ်သွားပြီ ဒီအိမ်မှာလဲ သက်သောင့်သက်သာနေ"
"ဟုတ် အကို"
"လာ...အခန်းထဲမှာသွားနားကြရအောင်"
∆∆∆∆∆
"သခင်လေး အခန်းက ဒီအခန်းပါရှင့်...ဒီမှာသော့ပါ"
အိမ်တော်ထိန်းကြီးက သော့ကိုကမ်းပေးလိုက်တော့...
"ဟုတ် ကျေးဇူးပါ...ဒါနဲ့လေ ကျနော့်ကို သခင်လေးလို့မခေါ်ပါနဲ့လား ဒီတိုင်းပေါ့ပေါ့ပါးပါး Taehyungလို့ပဲခေါ်ပါလား"
"ဒါကတော့ ဒီအိမ်ရဲ့စည်းမျဉ်းစည်းကမ်းအရပါ...အခုတော့ခွင့်ပြုပါအုံး"
Taehyungမှဘာဆက်ပြောရမှန်းကိုမသိတော့။
ဒီအိမ်ကလူတွေနဲ့ ရင်းနှီးအောင်တော့လုပ်ယူရအုံးမည်။အိမ်တော်ထိန်းကြီးလဲ အောက်ထပ်ကိုပြန်ဆင်းသွားတော့ Taehyungလဲအခန်းတံခါးသော့ဖွင့်ပြီး အထုပ်တွေကိုယာယီချထားကာ ရေအရင်ချိုးရန်ရေချိုးခန်းထဲတန်းဝင်လိုက်သည်။