"ရှင် သမီးကိုမနောက်ပါနဲ့မေမေ "
"မေမေ့ပုံစံက နောက်နေတဲ့ပုံပေါက်လို့လား"
"သမီးလက်မခံနိုင်ဘူး မေမေ"
"သမီးက မေမေ့သမီးပါ မေမေစီစဥ်တာ လက်ခံရမယ်"
"မေမေ ! သမီးက အခုမှ18တောင်မပြည့်သေးဘူးနော် "
"မဟုတ်လဲသမီးက ဆယ်တန်းပြန်မဖြေတော့ဘူးလေ ဘာတွေစိုးရိမ်နေတာလဲ ကျောင်းတစ်ဖက်နဲ့မှမဟုတ်တာ"
"မေမေက သမီးကိုမကျွေးထားနိုင်တော့ဘူးလား"
"သမီး အေးအေးဆေးဆေးနားထောင်ပါကွယ် ဖေဖေပြောပြပ့မယ်"
"ဖေဖေကပါ အလိုတူအလိုပါလား"
"ဖေဖေ့သမီးလေးက ငယ်သေးတာမှန်တယ် ဒါပေမဲ့ ဖေဖေတို့လူကြီးတွေကသမီး တို့မမွေးခင်ကတည်းက လက်ထပ်ပေးဖို့ကတိပြုခဲ့ကြတာ ပီးတော့ ဖေဖေ့သမီးလေးကို မဟုတ်တဲ့လူလက်ထဲအပါမခံနိုင်ဘူး လက်ထပ်ပီးလဲ ဖေဖေတို့ဆီလာလို့ရတာပဲ"
"ဒါမဲ့ သမီးမှသူ့ကိုမသိတာ"
"သမီးမမှတ်မိတာပါ သမီးငယ်ငယ်ကဆို ကိုကို့ဆီပဲနေမှာ ကြီးလာရင် ကိုကို့ကိုပဲလက်ထပ်မှာလို့အမြဲပြောတာလေ"
"အဲ့တာ ကလေးမို့လေ"
"ကဲ သမီးစိတ်မပါရင် ဖေဖေတို့အတင်းမလုပ်ပါဘူး ဒါပေမဲ့ ဖေဖေတို့မိသားစုကို ကိုမင်းမြတ်တို့ကပဲ ကူညီထားတာ သူ့ကြောင့်အခုလိုရပ်တည်နိုင်တာ ထားပါ အိပ်တော့လေ သမီး "
ဦးအလင်္ကာမိုး မလိမ်ချင်ပဲလိမ်လိုက်ရသည်။ သမီးလေးဒီတစ်ယောက်ရှိတာ ဘယ်လက်ထပ်စေချင်ပါ့မလဲ ဒါပေမဲ့ စိတ်ကစားတဲ့အရွယ်မှာ မဖြစ်သင့်တာမဖြစ်အောင် စီစဥ်ပေးရမှာပဲ ။
ဆောင်းကတော့ အခန်းထဲမှာ အိပ်မပျော်ပဲ လက်ထပ်ပွဲအကြောင်းပဲစဥ်းစားနေမိသည်။မေမေ ဓာတ်ပုံပြထားလို့မြင်ဖူးပါသည်။ကိုကိုက အရမ်းချောတယ် မျက်နှာမရှည်မ၀ိုင်းနဲ့ မျက်ခုံးမွှေးတန်းတန်းလေးရယ် နှုတ်ခမ်းပါးလေးတစ်စုံရယ် နှာတံစင်းစင်းလေးရယ် တိကျပြတ်သားတဲ့မျက်၀န်းနက်လေးတစ်စုံရယ်နဲ့ အရမ်းကိုချောပါသည်။ ဓာတ်ပုံမြင်မြင်ချင်း ဆောင်း ကိုကို့ကိုရင်ခုန်မိသည်။ ဒါပေမဲ့ ဆောင်းက ငယ်သေးတယ်လေ လက်ထပ်တာတော့မလုပ်ချင်ပါ ကိုကိုကတော့ သဘောတူမှာပါ ဆောင်း လဲလက်ခံရမှာပေါ့ ကိုကို့ဖေဖေသာ မရှိရင်ဆောင်းတို့ခုလိုအခြေအနေရောက်လာမှာမဟုတ်ဘူး။ ဖေဖေနဲ့မေမေကို ဒီထက်နိမ့်ကျတဲ့အခြေအနေမရောက်စေချင်ပါ အမြင့်မှာပဲထားချင်သည်။
YOU ARE READING
🕊️ချစ်ခြင်းဖွဲ့အလင်္ကာ💘
Romanceကျွန်မတွေးထားတဲ့ ကျွန်မရဲ့လက်ထပ်ပွဲက အခုလိုမျိုးမှမဟုတ်တာ 😊 ဆောင်းအလင်္ကာဖြူ ငါ့မှာတရား၀င်ချစ်သူရှိတယ် ဒီလက်ထပ်ပွဲကိုလက်ခံရတာလဲ မင်းကိုချစ်လို့မဟုတ်ဘူးဆိုတာ သိထားပါ 🙂 လရောင်မင်းသစ် ကိုကို နဲ့ သူ...