"ဟင် ဆောင်းငယ်"
လရောင် စာကိုဖတ်ပြီးမှ ဒေါက်တာသန့်စင်ပြောတဲ့ နောင်တကို သဘောပေါက်သွားတယ်။စာထဲတွင်....
သို့.....
လူရီး အာ.မှားသွားလို့ အဲ့လိုခေါ်ပိုင်ခွင့်မရှိတော့ဘူးပဲ။ဦးလရောင်မင်းသစ် အခုကစပီး ရှင်လွတ်လပ်စွာ ချစ်ရသူနဲ့နေလို့ရပါပီ ကျွန်မ ဘာမှမမျှော်လင့်တော့ပါဘူး။ကျွန်မ ရှင့်ကိုအတတ်နိုင်ဆုံးသည်းခံခဲ့ပါတယ်။ဆောင်းအလင်္ကာဖြူဆိုတဲ့ မိန်းမက ဘယ်သူ့ဆီမှာမှ မတွယ်ကပ်ဖူးပါဘူး။ရှင့်အနားမှာတွယ်ကပ်နေတယ်ဆိုတာက ကျွန်မရှင့်ကိုမြင်မြင်ချင်းချစ်မိသွားလို့ပါ။ရှင့်ကိုမြင်တိုင်း ကျွန်မနဲ့ပတ်သက်ဖူးတဲ့သူလို့ပဲ ခံစားမိတယ်။ကျွန်မကအရမ်းမျှော်လင့်မိခဲ့တာ ရှင်ကျွန်မအပေါ် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ခံစားချက်တွေရှိနေမလားလို့လေ။ကျွန်မအခုသိလိုက်ပါပီ ရှင်က မမခြယ်ကိုပဲချစ်တာလေ။ပီးတော့ ရှင်တို့၂ယောက်မှာကျွန်မကအပိုလူပါ ရှင်တို့၂ယောက်ရဲ့ သာယာနေတဲ့ ပုံစံတွေမြင်တိုင်း ကျွန်မရင်ထဲမှာ ဆူးနင့်နေအောင် နာကျင်ရတယ်။ဒါပေမဲ့ ရှင့်အနားမှာ ရှိနေတယ်ဆိုတဲ့အသိနဲ့တင် ကျွန်မသည်းခံခဲ့တာ ။အခုတော့ သိလိုက်ပါပီ ရှင်က ဘယ်တုန်းကမှ ကျွန်မဘက်မှာရှိမနေခဲ့ဘူး။ ရှင့်ချစ်သူကိုပဲယုံခဲ့တာ ရှင်တို့ ပြဿနာဖြစ်ဖို့ မရည်ရွယ်ပေမဲ့ အခုကိစ္စက ကျွန်မမမှားဖူးဆိုတာ သက်သေပြမှဖြစ်မယ် ရှင်မေ့နေတာထင်တယ် ရှင့်အိမ်မှာ ကျွန်မ အခန်းနဲ့ ရှင့်အခန်းကလွဲရင် နေရာတိုင်းCCTVတွေ တပ်ထားတယ်ဆိုတာ ။ကျွန်မကို တောင်းပန်စရာမလိုဘူးနော် ခွင့်လွှတ်ပီးသား အဲ့ဒီခွင့်လွှတ်ခြင်းနဲ့ အတူ ကျွန်မ ရှင့်ကိုပါလက်လွှတ်လိုက်ပီ ။ကျွန်မ ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးပီးပီ ရှင်ထိုးဖို့ပဲကျန်တော့တယ်။ရှင်နဲ့ ကျွန်မ အခုကစပီး ဘာမှမပတ်သက်တော့ဘူး
good luck par U La Young Min Thit🙂"ဟာကွာ တောက်"
၀ုန်း ! လရောင်တစ်ယောက် Cctv ထဲက ပုံရိပ်တွေကြောင့် ဒေါသ အရမ်းထွက်သွားပီး စားပွဲပေါ်က ပန်းအိုးတွေ ရှိသမျှအရာတွေကို ခွဲပစ်တော့တယ်
YOU ARE READING
🕊️ချစ်ခြင်းဖွဲ့အလင်္ကာ💘
Romanceကျွန်မတွေးထားတဲ့ ကျွန်မရဲ့လက်ထပ်ပွဲက အခုလိုမျိုးမှမဟုတ်တာ 😊 ဆောင်းအလင်္ကာဖြူ ငါ့မှာတရား၀င်ချစ်သူရှိတယ် ဒီလက်ထပ်ပွဲကိုလက်ခံရတာလဲ မင်းကိုချစ်လို့မဟုတ်ဘူးဆိုတာ သိထားပါ 🙂 လရောင်မင်းသစ် ကိုကို နဲ့ သူ...