"မီးငယ် "
"ခန ကိုကို အောက်ကစောင့်နေနော် ပီးတော့မယ် နှုတ်ခမ်းနီ နဲနဲထပ်ဖြည့်မို့"
"ဟုတ်ပါပီ အဲ့ဒါဆို ကိုကို အောက်ကစောင့်မယ်နော်"
"ဟုတ်"
ဒီနေ့ ပါတီပွဲမှာ သေချာပေါက် ဟိုလူကို တွေ့ရမည် ။ဆောင်း မလိုက်ချင်ပေမယ့် ဒယ်ဒီကိုယ်တိုင်က ဖိတ်ထားတာမို့ ။
"ကိုကို"
"လှလိုက်တာ မီးငယ်လေးက"
ဒူးအတိ ဇာဂါ၀န် ဆင်စွယ်ရောင်လေးနဲ့ လှချင်တိုင်းလှနေသောသူမလေးကြောင့် ရင်ထဲမှာနှမြောနေရသည်။ အချိန်တန်ရင် သူမလေးက သူ့နေရာသူပြန်သွားမှာဖြစ်သည် သူပဲ ကျန်ခဲ့ရမှာကို အတိအကျသိပီးသားပါ။
"ကိုကို သွားမယ်လေ ဘာတွေတွေးနေတာလဲ"
"ဟုတ်ပါပီ"
**************
"ကိုကိုရေ "
"မင်းနဲ့ငါက စီးပွားရေးအရပဲ ပတ်သက်တာမို့ စည်းမကျော်ပါနဲ့"
"အဲ့လောက်တောင် စိမ်းကားသွားတာလား"
"ဟုတ်တယ် သွားပီ ကိုယ့်ကားနဲ့ကိုလိုက် ငါ့ကားပေါ်တော့ မတင်နိုင်ဘူး"
"ဟာ ကိုကို ကိုကို"
ဘယ်လိုမိန်းမလဲ မသိဘူး ၀တ်ထားတာများ အကုန်ကိုပေါ်ထားတာ သူ့ကို ရင်တောင်မခုန်ဘူး စိတိပျက်တယ်။
********
"သမီး ရောက်လာပီလား သမီးလေးကလှလိုက်တာ"
"ကျေးဇူးပါဒယ်ဒီ"
"မောင်ဇွဲကလဲ ခန့်လာတာပဲ"
"ဦးလေးကို မမှီပါဘူးဗျာ"
"ဟား ဟုတ်ပါပီကွာ များများစားသွား"
******
လရောင် ရောက်ကတည်းက အဖြူရောင် အကောင်ပေါက်လေးကို ကြည့်နေမိသည်။ မတွေ့ရတဲ့ အချိန်အတောအတွင်း အတော်လေးကိုလှလာတာပဲ ငယ်ငယ်ကအကျင့်အတိုင်း သူကြိုက်တာတွေပါတော့ မုန့်တွေ ပလုပ်ပလောင်းစားနေတဲ့ပုံလေးက ယုန်ပေါက်လေးလိုပင်။
"အဟမ်း မစားဖူးဘူးထင်တယ် အငမ်းမရစားနေပုံကိုကြည့်ရတာ"
ဆောင်း မုန့်စားနေတုန်း အသံကြားလို့ကြည့်လိုက်ရာ မစိမ်းရောင်ခြယ် အနီညိုရောင် လက်တစ်လုံး ကိုကျပ်ဂါ၀န်ကို ပေါင်လယ်က ခွဲထားကာ ရင်နှစ်မွှာက အထင်းသားနဲ့ ပုရိသတို့ အသဲစွဲစေတဲ့ပုံစံ ၀တ်ထားသည်။
YOU ARE READING
🕊️ချစ်ခြင်းဖွဲ့အလင်္ကာ💘
Romanceကျွန်မတွေးထားတဲ့ ကျွန်မရဲ့လက်ထပ်ပွဲက အခုလိုမျိုးမှမဟုတ်တာ 😊 ဆောင်းအလင်္ကာဖြူ ငါ့မှာတရား၀င်ချစ်သူရှိတယ် ဒီလက်ထပ်ပွဲကိုလက်ခံရတာလဲ မင်းကိုချစ်လို့မဟုတ်ဘူးဆိုတာ သိထားပါ 🙂 လရောင်မင်းသစ် ကိုကို နဲ့ သူ...