Ring Ring Ring
"ဟယ်လို"
"အင်း လာခေါ်လို့ရပီလား"
"အင်း"
နောက်တစ်ပတ်ထဲမှာ ဆောင်းတို့မင်္ဂလာဆောင်ရှိတယ်။Preweddingကတော့ မနေ့ကပဲphotoတေရိုက်ပီးတယ်။ဒီနေ့ မင်္ဂလာဆောင်အတွက်၀တ်စုံသွားရွေးရမှာ။ဘ၀မှာကိုယ်ချစ်တဲ့သူနဲ့ပဲလက်ထပ်မယ်လို့တွေးထားတာ ခုက ကိုယ်ချစ်တဲ့သူတော့ဟုတ်ပါရဲ့ ကိုယ့်ကိုမချစ်တာခက်နေတယ် မချစ်ဆို သူ့မှာဆိုင်သူရှိနေတာလေ။အတွေးနဲ့ချဲ့နေတုန်း ကားဟွန်းသံ ကြားတော့ လန့်တောင်လန့်တယ်။
ပွမ် မွမ် ပွမ်
"ခန တံခါးပိတ်အုံးမယ်"
........
"ဘာလုပ်နေတာလဲ ကားဟွန်းတီးနေတာကြာလှပီကို"
"အာ sorryပါ ဟို အမ ခြယ်ရော မပါဘူးလား"
"မင်္ဂလာ၀တ်စုံသွားရွေးမှာလေ သူ့ကိုခေါ်ခဲ့ရမှာလား ဘာလဲ မင်းကလှောင်မလို့လားသူ့ကိုရှေ့မှာထားပီး "
"အာ အဲ့လိုမဟုတ်ပါဘူး လူရီး ကလဲ"
"အဟွတ် အဟွတ် ဘာ ဘယ်လိုခေါ်လိုက်တယ်"
"လူရီးလေ လူ..ရီး"
"ဟေ့ ငါအဲ့လောက်အသက်မကြီးသေးဘူး"
"မရှည်ပါနဲ့ ကိုကိုလို့ခေါ်လဲရှင်မှမခေါ်ခိုင်းတာ လူရီးလို့ခေါ်မှာပဲ"
"ခက်တယ် ကလေးတေကတော့ ပြောမရဆိုမရတေ"
"ဘာရှင့် ဘာကလေးလဲ"
"မင်းကိုပြောတာမဟုတ်ဘူး ပါးစပ်ပိတ်ပီးအေးအေးဆေးဆေးလိုက်ခဲ့"
ဆိုင်တွင်....
"ဟိုဟာလေးကြိုက်တယ်"
"ဘာ"
"ဟာ ဟိုဂါ၀န်လေးကြိုက်တယ်လို့ "
"မင်းခန္ဓာကိုယ်နဲ့လေ စဥ်းစားကလေးမ"
"အာ့ ၀တ်ကြည့်မယ်ဆို"
"ကျစ် သဘောကွာ"
"အကိုလေး ဘာသောက်မလဲရှင့် စောင့်ရင်းနဲ့"
"လိမ္မော်ရည်"
"ဟုတ်ကဲ့"
၀န်ထမ်းကောင်မလေး ချပေးတဲ့ အအေးကိုသောက်ရင်း ဟိုဟာမလေး အ၀တ်လဲတာကို စောင့်ရအုံးမယ်။ ကြာတာကို ဘယ်လိုနေမယ်တော့မသိဘူး လူက လက်သန်းလောက်ရှိတာ ၀တ်ချင်တဲ့ဂါ၀န်က နာရီစင်လောက်ရှိတယ်။
YOU ARE READING
🕊️ချစ်ခြင်းဖွဲ့အလင်္ကာ💘
Romanceကျွန်မတွေးထားတဲ့ ကျွန်မရဲ့လက်ထပ်ပွဲက အခုလိုမျိုးမှမဟုတ်တာ 😊 ဆောင်းအလင်္ကာဖြူ ငါ့မှာတရား၀င်ချစ်သူရှိတယ် ဒီလက်ထပ်ပွဲကိုလက်ခံရတာလဲ မင်းကိုချစ်လို့မဟုတ်ဘူးဆိုတာ သိထားပါ 🙂 လရောင်မင်းသစ် ကိုကို နဲ့ သူ...