Part 6

708 25 0
                                    

"တော်တော်ပျော်ခဲ့ရဲ့လား"

"ရှင်"

"နာရီကိုကြည့် ၁၀ နာရီရှိနေပီ ဒါမိန်းကလေးတစ်ယောက် ပြန်လာရမယ့်အချိန်လား"

"ကျွန်မစောက်ကြောင်းပါ"

"မင်းကိစ္စ၀င်ပါချင်လွန်းလို့မထင်နဲ့ ငါ့သိက္ခာကျလို့"

"အဟက်"

ဆောင်း ခပ်ရွဲ့ရွဲ့ရီကာ အပေါ်တက်လိုက်သည် ရန်လဲဆက်မဖြစ်ချင်ပါ။လက်ထပ်ထားတာတစ်လကျော်ရှိပီ တစ်ခါမှ ကိုယ့်အပေါ်မကြင်နာခဲ့ သူကသူစိမ်းလိုပင် ကိုယ်ကသာသူ့ကိုချစ်မိနေတာ သူကတစ်ခြယ်ထဲခြယ်နေတာ အဟက် ရီဖို့တော့ကောင်းသား။တော်ပါပီ ရေချိုးတာပဲကောင်းတယ်။

၀ုန်း !

"အမေ့ ဘာဖြစ်တာလဲ ဘာလို့တံခါးကိုကန်တာလဲ"

"အဟက် မင်းကတော်တော် သတ္တိတေရှိနေတယ်ပေါ့ ဟုတ်လား အပြင်သွားပီး ယောက်ျားတကာနဲ့ပလူးပလဲနေနေတာ ရုပ်လေးနဲ့မှ မလိုက်ရွံစရာပဲ"

"ဘာတေပြောနေတာလဲ"

"ဒီမှာ"

ဟင် ဆောင်းရှေ့ကပုံတွေက ယောက်ျားတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် ဘားမှာထင်သည်။ဖြစ်နေတဲ့ပုံတွေက ရှက်စရာ ဘာတေလဲ

"အဟက် ဘာလဲ သူခိုးလူမိသွားလို့လား"

"အဲ့တာ ဆောင်းမဟုတ်ဘူး လူရီး တကယ်ပါ အထင်မှားနေတာ"

" ဘာ သက်သေရှိနေတာတောင် ဗြောင်လိမ်နေတာပဲ မင်းကိုသ၀န်တိုလွန်းလို့တော့ ထင်မနေနဲ့ ငါ့သိက္ခာကျတယ်ကွ"

"ဆောင်း မဟုတ်ပါဘူးဆို ပုံက်ုသေချာကြည့်"

"တော်စမ်းပါကွာ အရှက်မရှိတဲ့မိန်းမ"

"အော် ရှင်ကတော့တော်တော် အရှက်ရှိနေတယ်ပေါ့ ရည်းစားရှိရက်နဲ့ ကျွန်မကို လက်ထပ်တယ် ကျွန်မ မလုပ်တဲ့ကိစ္စကို စွပ်စွဲတယ် ကျွန်မရှေ့မှာရော ကွယ်ရာမှာပါ အဲ့မိန်းမနဲ့ ပလူးပလဲနေနေတာလေ"

"အေး နောက်ဆို အဲ့အရာတွေထက်ပိုဆိုးပြမယ် မင်းလိုမိန်းမက အဲ့လိုအရာတွေနဲ့ပဲတန်တယ်"

ဒုန်း! တံခါးကိုဆောင့်ပိတ်သွားသည် ဆောင်းတကယ်မသိပါ အဲ့ပုံထဲက မိန်းကလေးကို။ဆောင်း အခုချိန်ထိ သစ္စာရှိပေးပါသည်။အဲ့မိန်းကလေးက ဆောင်းနဲ့ အင်္ကျီက တူနေတာကို အာ သိပီ နိုးနိုး ဟုတ်တယ် ဆောင်းနဲ့ တစ်ထေရာထဲတူတာ နိုးနိုးပဲရှိတယ် ပုံထဲကယောက်ျားလေးက ဟုတ်တာပေါ့ နေ့လည်ကသူ့ကိုနမ်းတဲ့ လူ သိပီ လူရီး အထင်လွဲသွားတာကို ဘာပဲဖြစ်ဖြစ်အနဲဆုံးတော့ သူယုံကြည်သင့်တယ်လေ ။နိုးန်ုးနဲ့ဆောင်းက ငယ်ငယ်ကတည်းက အင်္ကျီဆိုလဲဆင်တူ ဆံပင်ဆိုလဲဆင်တူညှပ် ဖိနပ်ဆိုလဲဆင်တူ အကုန်ဆင်တူဖြစ်နေသည် ရုပ်သာမဆင်တာ ခန္ဓာကိယ်ကပါတူနေတော့ ရုပ်တရက်ဆို ခွဲမရပေ ။ အရင်ဘ၀က ရေစက်တွေများလား ရေစက်မစက်တော့ မသိဘူး ဟိုကတော့ဒေါပွသွားပီ မနက်မှသေချာရှင်းပြတော့မယ် ခုတော့တနေကုန်ကဲထားပါ ပင်ပန်းနေပီအိပ်တော့မယ်။

🕊️ချစ်ခြင်းဖွဲ့အလင်္ကာ💘Where stories live. Discover now