"ဆောင်းငယ်"
"ဟုတ်"
"သွားမယ်လေ ကိုယ်ဟိုနေ့က ရွေးထားပေးတယ် အဲ့နေရာက အဆင်ပြေမပြေ ငယ် လိုက်ကြည့်လေ မကြိုက်ရင် တခြားနေရာကြည့်ပေး"
"yes, Let's go Ko Ko"
ဟော သူလုပ်ချင်တာလုပ်ရတော့ အချွဲမလေးက သွားတန်းလေးတွေပေါ်အောင် ပြုံးလို့ တက်ကြွနေပါရော
"ဘယ်လိုလဲ "
"အင်း အဆင်ပြေပါတယ် သူတို့မိသားစုအတွက်ဆိုတော်တော်က်ုအဆင်ပြေတယ် အာ့ဆိုခုအဲ့အိမ်ကိုသွားရအောင်"
"ဟုတ်ပါပီ ကလေးသဘော"
//////////
"ဟာ မမလှလှလာပီ"
ဆောင်း ကားပေါ်ကဆင်းလာကာရှိသေးတယ် အိမ်ရှေ့က မြေပြင်မှာ ဆော့နေတဲ့ကလေးငယ်က ပျော်ရွှင်နေသည့်ပုံနဲ့ စကားဆိုတော့တယ်။
"ဟယ် မမလေးတို့ပါလား လာလာထိုင်ပါဗျ"
"ဟို အကိုတို့ဒီအိမ်မှာနေစရာမလိုတော့ဘူး"
"ဗျာ ဘာ ဘာဖြစ်လို့လဲ"
"ဆောင်းက ကွန်ဒို၀ယ်ပေးထားတယ် ကလေးတွေလဲ အဲ့မှာဆိုတော့ ပိုပီးလုံခြုံရတာပေါ့"
"ဗျာ ကျေးဇူးကြီးလှပါတယ် မမလေးရယ်"
ဟော မျက်ရည်အပြည့်နဲ့ ဒူးထောက်ကာ ရှိခိုးမယ်လုပ်နေတဲ့လူနဲ့တော့ အနေရခက်နေပါပီ
"အာ မလုပ်ပါနဲ့အဲ့လို ဆောင်းက ကူညီရုံသက်သက်ပါ"
"မမလေးနဲ့ အကိုလေးရဲ့ ကျေးဇူးတွေက်ု ကျွန်တော်မမေ့ပါဘူး ကျေးဇူးအရမ်းတင်ပါတယ်"
"ခင်များ အလုပ်မယ်မယ်ရရမရှိရင် ကျုပ် ကုမ္ပဏီမှာ အလုပ်၀င်လုပ်လေ ကလေးတွေကိုတော့ကျောင်းအပ်လိုက် ကုန်ကျစရိတ်ကိုကျွန်တော်ကပဲတာ၀န်ယူမယ်"
လာကတည်းက စကားတစ်ခွန်းမှမဟတဲ့လူကြီးက အခုမှပြောလာတော့တယ် ဟိုလူကလဲကျေးဇူးတင်စကာအထပ်ထပ်ပြောလို့....
//////////
"ဟယ်လို ဆောင်း"
"အင်း ပြောလေနိုနိုး"
"ငါ ငါလေ "
"ဟမ် ဘာလဲဟ ပြောမှာမြန်မြန်မပြောဘူး"
YOU ARE READING
🕊️ချစ်ခြင်းဖွဲ့အလင်္ကာ💘
Romanceကျွန်မတွေးထားတဲ့ ကျွန်မရဲ့လက်ထပ်ပွဲက အခုလိုမျိုးမှမဟုတ်တာ 😊 ဆောင်းအလင်္ကာဖြူ ငါ့မှာတရား၀င်ချစ်သူရှိတယ် ဒီလက်ထပ်ပွဲကိုလက်ခံရတာလဲ မင်းကိုချစ်လို့မဟုတ်ဘူးဆိုတာ သိထားပါ 🙂 လရောင်မင်းသစ် ကိုကို နဲ့ သူ...