Beautiful in white သီချင်းနဲ့အတူ သတို့သမီးက ဂါ၀န်ဖြူလှလှကြီးနဲ့ဖခင်လင်ကိုတွဲကာ သတို့သားဆီသို့လျှောက်လှမ်းလာသည်။သတို့သားသည်လဲ ပီတိမျက်ရည်အပြည့်။ဧည့်ပရိတ်သက်ကလဲ ကြည်နူးမှုများစွာနဲ့။
"အန်ကယ့် သမီးကိုမင်းလက်ထဲအပ်ပါတယ်"
"ကျေးဇူးပါအန်ကယ် ကျွန်တော် သူ့ကို ပျော်ရွှင်အောင်ထားမှာပါ"
"အေးကွယ်"
"သတို့သားက ဘယ်လိုအရာတွေပဲဖြစ်ဖြစ် သတို့သမီးကို ရာသက်ပန် ပေါင်းသင်ပါမယ်လို့ ကတိပြုပါသလား"
"ဟုတ်ကဲ့ ကတိပြုပါတယ်"
"သတို့သမီးကရော "
"ဟုတ်ကဲ့ ကတိပြုပါတယ်"
"အယ် လူရီးဘာလို့ငိုနေတာလဲ"
"ကိုယ်အသဲကိုထပ်အဆုံးရှုံးမခံတော့ဘူး"
"ဟုတ်ပါပီ မငိုနဲ့တော့နော် "
"ဟင့် အီးဟီး "
"ဟယ် သုတ နိုးနိုး ဘာလို့ငိုနေကြတာလဲ"
"ပျော်လို့ပါ ငါတို့က"
"နင်တို့ငိုတော့ငါလဲငိုချင်တာပေါ့ ဟင့်"
"အယ် မငိုနဲ့ ငါတို့လဲမငိုတော့ဘူး သတို့သမီးလေးကပျော်ပျော်နေ"
"အင်း"
အမလေး ချစ်နေလိုက်ကြတာ ၃ယောက်သားဖက်လို့။ဘ၀မှာ အစစ်အမှန်ဆိုတဲ့ သူငယ်ချင်းတွေကပဲ ကိုယ့်အနားအမြဲရှိပေးခဲ့တာပါ။ရုတ်တရက် အသံတွေကြားရတော့
"၀ိုး "
"၀ါး ကောင်လေးကံကောင်းလိုက်တာ"
"လက်ခံလိုက်ပါ"
သုတ ရုတ်တရက် အသံတွေကြားလိုက်ရချိန် နောက်လှည့်ကြည့်မိတော့
"ဟင် ကိုကို"
"ကိုကို့ကိုလက်ထပ်ပါ အသဲ"
ခုအခြေအနေက ငါက လက်ထပ်ခွင့်တောင်းခံလိုက်ရတာလား ငါတို့ရည်းစားဖြစ်တာ တစ်ပတ်ရှိသေးတာကို
"လက် ..လက်ခံပါတယ် ဟင့်"
ငိုပြန်ပါပီ သုတတစ်ယောက်
"ဘာလို့ငိုတာလဲ မငိုနဲ့တော့နော်"
"ဟုတ်ကဲ့ပါ ဟင့်"
YOU ARE READING
🕊️ချစ်ခြင်းဖွဲ့အလင်္ကာ💘
Romanceကျွန်မတွေးထားတဲ့ ကျွန်မရဲ့လက်ထပ်ပွဲက အခုလိုမျိုးမှမဟုတ်တာ 😊 ဆောင်းအလင်္ကာဖြူ ငါ့မှာတရား၀င်ချစ်သူရှိတယ် ဒီလက်ထပ်ပွဲကိုလက်ခံရတာလဲ မင်းကိုချစ်လို့မဟုတ်ဘူးဆိုတာ သိထားပါ 🙂 လရောင်မင်းသစ် ကိုကို နဲ့ သူ...