"ဟဲ့ သုတ "
"အင်း"
"နင်နော် ငါ့ကိုလျှိုထားတယ်ပေါ့ နင်နဲ့ကိုကိုနဲ့က"
"နင်နော် ငါ ..ငါနဲ့ ကိုကြီးဇွဲက ရိုးရိုးသားသားခင်တာ"
"အယ် ဟုတ်လို့လားနော် ငါမြင်နေတယ် ငါမြင်နေတယ်"
"ဟော ဘာတွေမြင်နေတာလဲ ကိုယ့်ကလေးက"
"ဟီး ဘာမှဟုတ်ပါဘူး ကိုကိုဇွဲဇေခန့်နဲ့ သုတတို့အခြေအနေကိုမြင်နေတယ်ပြောတာပါ"
"သြော် အဲလိုလား"
"အလင်္ကာနော်"
"ကဲကဲ ဆောင်းငယ် သုတကိုမစနဲ့တော့ ကိုယ်တို့အိမ်ပြန်ကြမယ် နောက်နေ့မှလာခဲ့မယ်နော် သုတ"
"ဟုတ် ကိုကြီးလရောင်"
******
ကားပေါ်မှာခါတိုင်းလိုမဟုတ်ဘဲ ငြိမ်သက်စွာ ကားမောင်းနေတဲ့ လူရီးကို ဆောင်း သေချာစိုက်ကြည့်နေမိသည်။ကိုယ်သဘောကျရတဲ့သူက ကိုယ့်လက်တွဲဖော်ဖြစ်လာတဲ့ ခံစားချက်က တကယ်ကိုကြည်နူးရတယ်။လူရီးက ဘာစကားမှလဲမဟဘူး တစ်ခုခုဖြစ်နေလို့လားမသိဘူး။
"လူရီး ..လူရီး"
"အင်း "
"ဟို ဘာဖြစ်နေတာလဲဟင် နေမကောင်းဘူးလား"
"ဘာမှမဖြစ်ဘူး"
သေချာတယ် အဲ့လိုပြောပုံအရဆို တစ်ခုခုတော့ဖြစ်နေတာ။ငါဘာများလုပ်မိလို့လဲမသိဘူး။
"လူရီးလို့ အဲ့လိုမနေနဲ့လေ မပြောရင် ငယ်ကဘယ်လိုသိမှာလဲလို့"
"......"
လရောင်ဘာမှပြန်မပြောမိ ကားကိုသာ ဒုန်းစိုင်းမောင်းနေသည်။ကိုယ်ချစ်ရသူက ကိုယ့်ရှေ့မှာ သူများကိုဂရုစိုက်နေတာမြင်တော့ အနည်းငယ်တော့အလိုမကျမိဘူး။သွေးသားအရင်းဆိုရင်တောင် အလိုကျမိမှာမဟုတ်ဘူး။
"ဟာ ကိုကို ဘာဖြစ်တာလဲငယ်ကြောက်တယ် ကားကိုအဲ့လိုအကြမ်းကြီးမမောင်းပါနဲ့"
"ကိုယ်ကားတိုက်ပီးတစ်ခုခုဖြစ်သွားရင် ငယ် အခု ဇွဲဇေခန့်ကို စိတ်ပူနေသလိုမျိုး စိတ်ပူမလားလို့ပါ"
YOU ARE READING
🕊️ချစ်ခြင်းဖွဲ့အလင်္ကာ💘
Romanceကျွန်မတွေးထားတဲ့ ကျွန်မရဲ့လက်ထပ်ပွဲက အခုလိုမျိုးမှမဟုတ်တာ 😊 ဆောင်းအလင်္ကာဖြူ ငါ့မှာတရား၀င်ချစ်သူရှိတယ် ဒီလက်ထပ်ပွဲကိုလက်ခံရတာလဲ မင်းကိုချစ်လို့မဟုတ်ဘူးဆိုတာ သိထားပါ 🙂 လရောင်မင်းသစ် ကိုကို နဲ့ သူ...