"ကိုကို ဘာပြောတာလဲ"
"မင်းလုပ်ခဲ့တာတွေကို ၀န်ခံခိုင်းတာ ခြယ် "
"ဘာလဲ ခြယ် ဘာမှမလုပ်ဘူး"
"မင်း ဆောင်းငယ်အပေါ်ဘာတွေလုပ်ခဲ့တယ်ဆိုတာ ငါသိတယ် "
"ကိုကိုက အမြဲအဲ့မိန်းကလေးဘက်ကလေ ခြယ်နဲ့တွဲခဲ့တဲ့ သက်တမ်းတစ်လျှောက်လုံး အဲမိန်းကလေးကိုပဲ စိတ်ထဲမှာရှိနေခဲ့တာလေ ခု ခြယ်လုပ်ရပ်တွေ မှားတယ်ဆိုရင်တောင် ကိုကိုလဲ မမှန်ခဲ့ဘူး"
"တောက် မင်းနဲ့နောက်မှဆက်ပြောမယ် လောလောဆယ် ငါဆောင်းငယ်ကို တောင်းပန်ရအုံးမယ်"
"အဲ့ဒီမိန်းကလေးက ဘာတွေများအဲ့လောက်စွဲမက်စရာကောင်းနေလို့လဲ"
အား!ဒုန်း....ရှိသမျှ ပစ္စည်းတေနံရံကိုပစ်ပေါက်လိုက်သည်။ဟင့်အင်း ခုလိုမဖြစ်ရဘူး ဘာပဲဖြစ်ဖြစ် ကိုကိုကခြယ့်အပိုင် ။ခြယ်သိတာပေါ့ က်ုကိုက ဆောင်းကိုပဲချစ်တယ်ဆိုတာ။လွန်ခဲ့တဲ့၃နှစ်လောက်က ကိုကိုနဲ့ခြယ် တွေ့ခဲ့ကြတာ ကိုကိုက နိုင်ငံခြားကပြန်လာကာစ ခြယ်က cafeလေးတစ်ခုမှာ waiter လုပ်ရင်း လူရမ်းကားတစ်ချို့နဲ့ ပြဿနာဖြစ်နေချိန် ကိုကိုကကူညီပေးခဲ့တာ။အဲ့နောက်ပိုင်း ခြယ့်လိုမိသားစုမရှိ တစ်ကောင်ကြွက်ကို ကိုကိုက လုပ်ငန်းတစ်ခု အရင်းအနှီးထုတ်ပီး လုပ်ခိုင်းခဲ့တယ် နောက်ပိုင်းအနေနီးတော့ ကိုကိုနဲ့ ချစ်သူတွေဖြစ်ခဲ့ကြတယ်။ကိုကိုက အရမ်းချမ်းသာတယ် ပီးတော့ ခြယ့်ကိုလဲ ဂရုစိုက်တယ် ဒါပေမဲ့ သူ့ပါးစပ်ကနေ ဆောင်းငယ်ဆိုပီး အမြဲပြောလေ့ရှိတယ်။ ခြယ့်ကိုအမြဲဂရုစိုက်ပေးတဲ့ကိုကို က အရမ်းချမ်းသာတော့ ခြယ်လဲ အပိုင်လိုချင်စိတ်တွေဖြစ်လာတယ် ။ဟိုမိန်းကလေးသာ ၀င်မရှုပ်ရင် ခုချိန်ကိုကိုက ခြယ့်အပိုင်ဖြစ်နေပီ။ခြယ် အရင်က ငွေမက်ခဲ့တာ မှန်ပေမဲ့ အခု ခြယ်မှာဘာမှမလိုတော့ဘူး ကိုကိုရှိနေရင်ရပီ ခြယ် ကိုကို့က်ု ချစ်တယ်။ကြည့်ထားလိုက် ဆောင်းအလင်္ကာဖြူ ကိုကို့ကို ငါရအောင်ယူပြမယ်။
*********
"ဟဲ့ နိုးနိုး ကိုဘုန်းမြတ်သွေးက မလာသေးဘူးလား နာရီ၀က်လောက်ရှိနေပီ"
YOU ARE READING
🕊️ချစ်ခြင်းဖွဲ့အလင်္ကာ💘
Romanceကျွန်မတွေးထားတဲ့ ကျွန်မရဲ့လက်ထပ်ပွဲက အခုလိုမျိုးမှမဟုတ်တာ 😊 ဆောင်းအလင်္ကာဖြူ ငါ့မှာတရား၀င်ချစ်သူရှိတယ် ဒီလက်ထပ်ပွဲကိုလက်ခံရတာလဲ မင်းကိုချစ်လို့မဟုတ်ဘူးဆိုတာ သိထားပါ 🙂 လရောင်မင်းသစ် ကိုကို နဲ့ သူ...