"သုတ"
"ဟင့် အလင်္ကာ"
"ကိုကို ဘယ်လိုဖြစ်တာလဲ"
"ကားတိုက်တာ ငါသင်တန်းကအပြန် တွေ့တာ မတော်တဆမဟုတ်ဘူးရယ် တမင်တိုက်တာ ပီးတော့ထွက်ပြေးသွားတာငါတွေ့လိုက်တယ်"
"ဟမ် ဒါဆိုလုပ်ကြံတာပေါ့"
"ဟုတ်တယ် အာ့တေခနထား ခုကိုကြီးဇွဲက သတိကိုမလည်တော့ဘူးဟ အီးဟီးဟီး"
"ကဲ ကဲ မငိုကြနဲ့တော့နော် ခနနေအကုန်အဆင်
ပြေသွားမှာပါ"ဇွဲ ကိုကြည့်မရဘူးဆိုပေမဲ့ အခုလိုဖြစ်တော့စိတ်မကောင်းဖြစ်မိသည်။ချစ်ရတဲ့သူကိုသ၀န်တိုစိတ်နဲ့သူ့ကိုကြည့်မရဖြစ်ပေမဲ့ ဒီကလေးက သနားစရာပင် အရေးကြုံလာလျှင် ပြေးမှီစရာ ပခုံးဆိုတာမရှိ အဖေအမေဆိုတာဝေး ကိုယ့်ဘ၀ကိုသိပီး ကြိုးစားနေရှာတဲ့လူငယ်တစ်ယောက်မို့ ပိုတောင်သနားမိသည်။
"အင် ကျွတ် ကျွတ် ကျွတ်"
"ကိုကြီးဇွဲ"
"ကိုကို"
"အ့ ခေါင်း ..ကိုက်"
"ကိုကြီး လရောင် လုပ်ပါအုံး ဆရာ၀န်ခေါ်ပေးပါအုံး"
"ဟုတ်ပီ ကလေးငယ် ကိုယ်သွားခေါ်အုံးမယ်နော်"
"ဟုတ်"
"ကိုကြီးဇွဲ ဟင့် အရမ်းမူးနေလားဟင် ခနလေးနော်"
"ရပါတယ် ကိုယ်အဆင်ပြေတယ် စိတ်မပူကြနဲ့"
"ကိုကို ခနနေ မေမေတို့လာကြမှာ ဘာမှအားမငယ်နဲ့နော်"
"ဟုတ်ပါပီ ခု ကိုကို့ညမလေးက ကိုကို့ကို လူကြီးပြန်လုပ်နေတာပေါ့ ဟုတ်လား"
"ကိုကိုနော် ဟင့်"
"ဟော မငိုရဘူးလေ ကိုကိုဘာမှမဖြစ်ပါဘူးကွာ ဟိတ် ဟိုကောင်လေး ဘာလို့ဟိုဘက်လှည့်ပီးကြိတ်ငိုနေတာလဲ"
"ဘယ်မှာ အင့် ငိုလို့ ဟင့် လဲ"
"ဟော မငိုဘူးဆိုပီးအသံက"
"သတိရတာနဲ့ စကားတွေတန်းပြောနေတာပဲ ဒါဆိုအခြေအနေကောင်းမှာပါ"
"ဒေါက်တာ"
"ဟုတ် ခေါင်းတွေထိုးကိုက်တာရှိလား မျက်လုံးတွေဘာတွေရော၀ါးလား"
YOU ARE READING
🕊️ချစ်ခြင်းဖွဲ့အလင်္ကာ💘
Romanceကျွန်မတွေးထားတဲ့ ကျွန်မရဲ့လက်ထပ်ပွဲက အခုလိုမျိုးမှမဟုတ်တာ 😊 ဆောင်းအလင်္ကာဖြူ ငါ့မှာတရား၀င်ချစ်သူရှိတယ် ဒီလက်ထပ်ပွဲကိုလက်ခံရတာလဲ မင်းကိုချစ်လို့မဟုတ်ဘူးဆိုတာ သိထားပါ 🙂 လရောင်မင်းသစ် ကိုကို နဲ့ သူ...