Ep - 7 [ Unicode ]

229 13 10
                                    

အလန့်တကြားပြောလိုက်တဲ့ ခန့်မင်းသက်တည်ကို ကြည့်ရင်း ရထာခေါင်းခါလိုက်ကာ သူ့မျက်နှာဆီလှမ်းလာနေတဲ့ လက်ဖြူဖြူတစ်ဖက်ကို ပုတ်ထုတ်ပစ်လိုက်သည်။

'' ဘာကိစ္စငါက ငိုရမှာလဲ ၊ ဒီမှာကြက်သွန်ခွာနေတာ မတွေ့ဘူးလား! ''

ရထာ့ရဲ့ ဘောက်ဆတ်ဆတ်စကားသံကြောင့် ခန့်မင်းသက်တည်က ထိုအခါမှ စိတ်သက်သာရာ ရသွားဟန်နဲ့ ပုတ်ထုတ်ခံလိုက်ရတာကြောင့်
အနည်းငယ်နီသွားတဲ့ လက်ကိုကိုင်ရင်း ပြုံးလိုက်သည်။

'' တော်ပါသေးရဲ့ ရထာရယ် ၊ ဒါနဲ့ ဘာလို့ကြက်သွန်တွေခွာနေရတာလဲ ၊ ပေး ကျွန်တော့်ကို ''

'' ကူလုပ်နေတာလေ ၊ မင်းမမြင်ဘူးလား ။ ''

'' ဟုတ်ပါပြီဗျာ ''

ပြောပြောဆိုဆိုနဲ့ ခန့်မင်းသက်တည်က ရထာခွာလက်စ ကြက်သွန်ဗန်းကိုယူကာ ဆက်ခွာနေလိုက်သည်။ ထုံးစံအတိုင်း ရထာ စိတ်တိုနေပြီဆိုတာသိပေမယ့် ခန့်မင်းသက်တည်ကတော့ ဂရုမစိုက်စွာနဲ့ပဲ ကြက်သွန်တွေကိုသာ ခွာနေလိုက်၏ ။

'' ကျွေးမယ့်နေ့ကျ လာမှာလား ရထာ ''

'' အဲ့နေ့ အလုပ်ရှိတယ် ၊ မအားဘူး ''

'' ဟင် တကယ်မလာဘူးလား ၊ ရထာ ''

ရထာက ဘာမှပြန်မဖြေတော့ဘဲ ဘေးနားက​အောင်တင့် ဘက်လှည့်လိုက်ကာ အောင်တင့်
နဲ့အတူတူ ငရုတ်သီးအညှာခြွေဖို့ ပြင်လိုက်သည်။

ထိုအခါ အောင်တင့်က ပြုံးစိစိနဲ့ ရထာ့ကို ကြည့်လာပြီး

'' ထူးထူးခြားခြား ငါ့ကိုလာကူညီနေပါ့လား ၊ ဘာတွေစိတ်ကူးပေါက်နေတာလဲ မင်း ''

'' နားညီးတယ် ''

ရထာနဲ့ အောင်တင့်က ရထာဒီရပ်ကွက်ထဲစရောက်ကထဲက မတည့်။ အကြောင်းအရင်းက အခြားမဟုတ် ။ ရပ်ကွက်လူမိုက် အောင်တင့်က ရပ်ကွက်ဇိုးတွေဖြစ်တဲ့  သားကြီးနဲ့သားငယ်နဲ့ ပြိုင်ဘက်တွေ ။ ထို့ကြောင့် သားကြီးနဲ့သားငယ်ရဲ့ သူငယ်ချင်းဖြစ်တဲ့ ရထာနဲ့ပါ မတည့်တော့ ။

ရထာကတော့ အောင်တင့်ကိုဖုတ်လေတဲ့ ငါးပိရှိတယ်လို့တောင် သဘောမထားပဲ အောင်တင့်ကတော့ တွေ့တဲ့နေရာတိုင်းမှာ ရထာ့ကို ရန်စလေ့ရှိ၏ ။ အခုလည်း ပြုံးစိစိနဲ့ ရထာ့ကို မထိတထိ လာပြောနေတာကြောင့် ရထာမျက်မှောင်ကြုတ်ကာ ခပ်ဆတ်ဆတ် ပြန်ပြောလိုက်တာဖြစ်သည်။

A Tale of Two Hearts (Temporary Rest)Where stories live. Discover now