Ep - 18 [ Unicode]

333 10 2
                                    

ညကြီးမင်းကြီး ခန့်မင်းသက်တည် အကူအညီတောင်းလိုက်တာနဲ့ ချက်ချင်းလာခေါ်ပေးသော နေထွန်းကို ကျေးဇူးတင်စကားပြောတော့ နေထွန်းက မလိုပါဘူး ဆိုတဲ့သဘောနဲ့လက်ကာပြသည်။ နေထွန်းမိန်းမ ဝါဝါကလည်း သူ့သူငယ်ချင်း မင်္ဂလာဆောင်ကို ညအိပ်ညနေသွားကူပေးနေတာကြောင့် ပိုအဆင်ပြေသွားတာဖြစ်သည်။

'' မင်းသာ ကိုရထာကို သေချာဂရုစိုက်လိုက် ၊ သူ့ကြည့်ရတာ အဆင်ပြေတဲ့ပုံမပေါ်ဘူး ။ ငါလည်းမနက်ဖြန် ဝါဝါ့ဆီလိုက်သွားမှာမလို့ မင်းတို့ ၂ယောက်ထဲ အေးဆေးသာနေကြ ။ ကြားထဲမင်းတို့မနေတော့ရင်လည်းဘေးအိမ်သာ သော့အပ်ခဲ့လိုက် ရတယ်။ ''

ထို့နောက်‌ နေထွန်းနဲ့ စကားနည်းနည်းလောက် ဆက်ပြောဖြစ်ကြပြီး ကိုယ်စီအိပ်ခန်းထဲဝင်ခဲ့ကြတော့သည်။ မနက် ၄နာရီဖြစ်တာကြောင့် တညလုံးမအိပ်ရသေးတဲ့ ခန့်မင်းသက်တည်လည်း အိပ်ချင်လာသည်။

အခန်းထဲရောက်တော့ ရထာက ခန့်မင်းသက်တည်ထားခဲ့တဲ့အတိုင်း ကုတင်ပေါ်မှာကွေးကွေးလေး။ လှိုင်းတွန့်ဆံနွယ်လေးတွေထဲ အသာလက်ထိုးကြည့်တော့ စိုမနေတော့တာကြောင့် စိတ်အေးသွားရသည်။

ရုတ်တရက် ရထာက မျက်လုံးတွေဖွင့်ကြည့်လာတာကြောင့် ခန့်မင်းသက်တည် ရထာ့ခေါင်းပေါ်က လက်တွေကိုအမြန်ပြန်ရုတ်လိုက်သည်။

'' ကျွန်တော့်ကြောင့် နိုးသွားတာလား ''

ရထာက အသာခေါင်းယမ်းပြကာ ထထိုင်လာသည်။ ထို့နောက်မျက်နှာပေါ်ဝဲကျနေတဲ့ ဆံပင်လေးတွေကို နားရွက်နောက်သိမ်းလိုက်ကာ ခန့်မင်းသက်တည်ကို ကြည့်၍

'' မင်းဘာကိစ္စရှိလို့ အဲ့ခုံတန်းမှာ အဲ့လောက်အကြာကြီးလာထိုင်နေတာလဲ။ ငါမင်းကို တညလုံးစောင့်ကြည့်နေတာ ၊ အဆောင်ထဲလည်းဝင်မလာဘူး ''

တကယ်တော့ ခန့်မင်းသက်တည် အမေနဲ့စကားများပြီး ခြေဦးတည့်ရာ လျှောက်လာတာ သတိထားမိလိုက်တဲ့အချိန် ရထာ့အဆောင်ရှေ့ကိုရောက်နေခဲ့ပြီ ။

ရထာကိုယ်တိုင်ကလည်း ခန့်မင်းသက်တည်ကိုအဆောင် မလာခိုင်းထားသည့်အပြင် မိခင်ဖြစ်သူ ပြောထားသည့်စကားတွေ​ကြောင့်ပါ ရထာ့ကို မျက်နှာချင်းမဆိုင်ရဲပါ။

A Tale of Two Hearts (Temporary Rest)Tempat cerita menjadi hidup. Temukan sekarang