'' အကို ၊ ဒါကဒီနေ့လာချမဲ့ပစ္စည်းစာရင်းနဲ့ ဘောက်ချာတွေပါ ''
'' အင်း ရပြီ ၊ ကျေးဇူး ငါ့ညီ ၊ ဒါနဲ့နာမည်က ''
'' ကျွန်တော့်နာမည် ဇေယျာပါဗျ ''
'' ဟုတ်ပြီ ဇေယျာ ၊ နေ့လည်ကျ ဝန်ထမ်းတွေထမင်းစားနားပြီးတာနဲ့ အလုပ်တန်းမလုပ်သေးပဲ meeting room ထဲ ခနလူစုဖို့ပြောပေးနော် ''
'' ဟို အကို၊ ကျွန်တော်တို့ပွဲရုံမှာ meeting room မရှိဘူးခင်ဗျ ''
ဇေယျာဆိုတဲ့ ကောင်လေးရဲ့အပြောကြောင့် ခန့်မင်းသက်တည် ခေါင်းညိမ့်လိုက်သည်။ ဆယ်စုနှစ်ကြာ တည်ရှိလာသည့် စားပွဲရုံဖြစ်တာကြောင့် ဒီလိုအခန်းပိုတွေမရှိတာလည်းမဆန်း ။ မိမိကသာ မန္တလေးပွဲရုံကိုတွေးမိပြီး ပြောလိုက်ခြင်း ။ မန္တလေးမှာရှိသည့် ရုံကဆိုင်ခွဲဖွင့်ထားတာ နှစ်သိပ်မကြာသေးတာကြောင့် ခေတ်မှီသည့်အပြင်အဆင်များအတော်စုံလင်သည်။
'' အဲ့ဒါဆို မင်းတို့နားနေကျနေရာမှာပဲ ဖြစ်ဖြစ် ၊ ဘယ်နေရာပဲ ဖြစ်ဖြစ် လူစုလို့ရတဲ့နေရာဆိုရင်စုထားလိုက်ကွာ။ အကိုလည်း သေချာမိတ်ဆက်မှ အလုပ်သမားတွေနဲ့ ရင်းနီးမှာမလို့ ။ ပြီးတော့ ပစ္စည်းတွေလာချရင် အကို့ကိုတချက်လာပြော ။ ကဲ သွားလို့ရပြီ ''
'' ဟုတ်ကဲ့ အကို ၊ ကျွန်တော်သေချာလုပ်ထားလိုက်ပါ့မယ် ''
မိမိတစ်ယောက်တည်း ကျန်ခဲ့တော့မှ ခန့်မင်းသက်တည် ဝတ်ထားသည့် ရှပ်အိင်္ကျီလက်ရှည်ကို တံတောင်ဆစ်ထိခေါက်တင်လိုက်ကာ အဲကွန်းကို မြှင့်လိုက်သည်။ မိုးကရွာပေမယ့် နေကအရမ်းပူတာကြောင့် ရန်ကုန်ရာသီဥတုကအစိုးမရ ။ သွားရလာရတာလည်း စိုစိစိုစိဖြစ်တာကြောင့် ခန့်မင်းသက်တည်နဲ့ မိုးရာသီဟာအတော်လေး အဆင်မပြေ။
'' တကယ်ကြီး ချောပါတယ်ဆိုမှ ''
'' ဟုတ်ပါ့ ကောင်မရယ် ''
'' အေးပါဆို ၊ ငါနင့်ပြောသားပဲ ၊ ငါစစချင်းတုန်းက ကိုယ့်မျက်လုံးကိုယ်တောင်မယုံနိုင်ဘူး ၊ အခုကစပြီး ငါနေ့တိုင်းအလုပ်မှန်တော့မယ် ''
ကောင်မလေးနှစ်ယောက်က မန်နေဂျာရုံးခန်းရှေ့မှာ တွတ်ထိုးနေကြစဥ် အခန်းထဲကထွက်လာတဲ့ ကိုဇေယျာကြောင့် အသံတွေတိတ်ကျသွားရသည်။
![](https://img.wattpad.com/cover/333269505-288-k81910.jpg)
KAMU SEDANG MEMBACA
A Tale of Two Hearts (Temporary Rest)
Fiksi Umum𝑨 𝒎𝒆𝒎𝒐𝒓𝒂𝒃𝒍𝒆 𝒕𝒂𝒍𝒆 𝒐𝒇 𝒂 𝒔𝒊𝒎𝒑𝒍𝒆 𝒂𝒏𝒅 𝒓𝒆𝒇𝒓𝒆𝒔𝒉𝒇𝒖𝒍 𝒚𝒐𝒖𝒏𝒈 𝒎𝒂𝒏 𝒂𝒏𝒅 𝒂 𝒔𝒕𝒓𝒐𝒏𝒈 𝒃𝒐𝒚 𝒘𝒉𝒐 𝒊𝒔 𝒔𝒆𝒏𝒔𝒊𝒕𝒊𝒗𝒆𝒍𝒚 𝒄𝒂𝒓𝒓𝒚𝒊𝒏𝒈 𝒉𝒊𝒔 𝒇𝒂𝒎𝒊𝒍𝒚'𝒔 𝒃𝒖𝒓𝒅𝒆𝒏