Ep - 9 [ Zawgyi ]

47 1 0
                                    

ဒေါ်အေးမြင့် ညနေစာ စားဖို့ပြင်နေရင်း အပေါ်ထပ်ကနေ ပြင်ဆင်ပြီးဆင်းလာတဲ့သားဖြစ်သူကြောင့် အံ့အားတသင့် လှမ်းမေးလိုက်ရသည်။

'' ကိုခန့် ၊ ညနေမှောင်တော့မှာကို ဘယ်သွားမလို့လဲ ။ ဒီမှာညစာပြင်တာတောင် ပြီးတော့မယ် ''

'' ဟုတ် အမေ ၊ အသိတစ်ယောက်က အရေးတကြီးလှမ်းခေါ်လို့ ။ တစ်နာရီအတွင်းပြန်လာခဲ့မယ် နော် ''

'' ဟဲ့ ၊ အော် ။ ဘာတွေများ အဲ့လောက်အရေးကြီးနေသလဲ ဒီကောင်လေး ''

အလျင်စလိုပြောပြီး ခပ်သုတ်သုတ်ထွက်သွားတဲ့ ခန့်မင်းသက်တည်ကြောင့် ဒေါ်အေးမြင့်ကတော့ ဟင်းမွှေလက်စ ဇွန်းကြီးကိုင်ကာ ခါးထောက်လျက် ကျန်နေခဲ့ရတော့သည်။

ခန့်မင်းသက်တည် လမ်းထိပ်ရောက်တာနဲ့ ကားတစ်စီးကိုအမြန်ငှားလိုက်သည်။ ထို့နောက် ကားစထွက်မှ သူငယ်ချင်းဖြစ်သူထံ ဖုန်းခေါ်လိုက်သည်။

'' အေး သူငယ်ချင်း ။ မင်းဘယ်မှာလဲ ''

ခန့်မင်းသက်တည်ရဲ့ အသံကိုကြားတော့ တစ်ဖက်လူက အလောတကြီးနဲ့ ပြန်ဖြေလာ၏ ။

'' ခန့်မင်းလား ၊ ပြန်ဆက်သွယ်ပေးလို့ ကျေးဇူးကွာ ၊ ငါတို့အခု စမ်းချောင်းဘက်က တည်းခိုခန်းတစ်ခုမှာ ။ ငါအခုချက်ချင်း မင်းဆီ message ပို့လိုက်မယ် ။ ကူညီပါဦးကွာ ''

'' အချင်းချင်းတွေကိုပြောစရာလား ၊ ငါအခုပဲ လာနေပြီ ''

ဖုန်းချလိုက်ပြီးနောက် ဝင်လာသော message ကို ကားသမားဦးလေးကြီးထံ ပြပြီး ထိုလိပ်စာဆီ လမ်းညွှန်ရသည်။

နေထွန်းဆီမှ ရုတ်တရက်အလောတကြီး ဝင်လာသော message ကြောင့် အမေ့ကိုတောင် ဘာမှမပြောနိုင်ပဲ ထွက်လာခဲ့ရတာ ။ အခုက လူချင်းတွေ့ပြီးစီစဉ်မှရမယ့် ကိစ္စမလို့ ခန့်မင်းသက်တည် ချက်ချင်းလိုက်လာခဲ့ခြင်းဖြစ်သည်။

'' အေး ၊ နေထွန်း ငါရောက်နေပြီ အောက်မှာ ''

တည်းခိုခန်းဆီ ရောက်တာနဲ့ နေထွန်းဆီဖုန်းဆက်လိုက်ကာ အသိပေးလိုက်သည်။ အောက်ထပ်မှာ ခနထိုင်စောင့်​ပြီးအကြာ နေထွန်းက ကောင်မလေးတစ်ယောက်လက်ကိုဆွဲကာ ရောက်လာသည်။

A Tale of Two Hearts (Temporary Rest)Tempat cerita menjadi hidup. Temukan sekarang