Ep - 11 [ Unicode ]

169 9 7
                                    

'' ရထာ ''

မနက်ကမှ လာပို့သွားတဲ့ဝက်ပေါင်ခြောက်တွေကို စီပြီး အနေတော် အတုံးလေးတွေတုံးနေတုန်း အနောက်ကနေ မိန်းကလေးတစ်ယောက်ရဲ့ခေါ်သံကြားတာကြောင့် ရထာ ကိုင်လက်စ ဓားကိုချလိုက်ကာ လှည့်ကြည့်လိုက်သည်။ ဆံမြိတ်ခပ်ပါးပါးချထားကာ စံပယ်တင်မှဲ့လေးနဲ့ ကောင်မလေးတစ်ယောက်က ရထာ့ဆီ စာအိတ်လေးတစ်အိတ်ထိုးပေးနေသည်။

ထိုကောင်မလေးရဲ့နာမည်ကိုမသိပေမယ့်
အလုပ်ထဲမှာ မြင်နေကျဖြစ်တာမို့ အသိအမှတ်ပြုပြီး ခေါင်းငြိမ့်ပြလိုက်သည်။

ထို့နောက် သူ့ဆီ ထိုးပေးလာတဲ့ စာအိတ်ကို လှမ်းယူလိုက်တော့ ကောင်မလေးက ပြုံးပြီး

'' စံပယ့်ရဲ့ မွေးနေ့ဖိတ်စာပါ ၊ ရထာ လာပေးရင်သိပ်ကောင်းမှာပဲ ''

မွေးနေ့ ။ အင်း မွေးနေ့ဆိုတာနဲ့ အနောက်က ကပ်ပါလာတာက လက်ဆောင် ။ နှမြောပြီး တွက်ချက်နေတာမျိုးရယ်မဟုတ်ပေမယ့် မိမိလက်ထဲမှာ ငွေဘယ်လောက်ကျန်ကြောင်းက ခေါင်းထဲအလိုလိုရောက်လာသည်။ ရှုပ်ရှုပ်ယှက်ယှက် ကိုယ်နဲ့သိပ်မသိတဲ့သူရဲ့ မွေးနေ့ကိုလည်း မသွားချင်တာကြောင့်အကြောင်းတစ်ခုခုပြပြီး ငြင်းဖို့ စဥ်းစားလိုက်သည်။

''  အဲ့ဒါက... ''

'' လာခဲ့ပါ ရထာရယ် ၊ အလုပ်ကသူတွေအကုန်လုံးလည်းလာကြမှာ ။ လာခဲ့ပါနော် ။ စံပယ့်ကိုခင်ရင် လာခဲ့ပါနော် ''

ခင်ရအောင် ကျွန်တော်နဲ့စံပယ် စကားတောင်မပြောဖူးပဲ လို့ပြန်ပြောလိုက်ချင်ပေမယ့် တဖက်ကမိန်းကလေးလည်းဖြစ် ၊ အရမ်းလည်းဖိတ်ခေါ်နေတာကြောင့် ရထာ အားနာနာနဲ့ပဲ ခေါင်းငြိမ့်လိုက်သည်။ လက်ဆောင်ကတော့ အပိုစုထားတဲ့ထဲကမှ ကြည့်စီစဥ်ရမှာပဲဟု တွေးလိုက်သည်။

'' ရထာရေ ၊ ကြက်သားတွေရောက်ပြီ ''

'' ဟုတ်ကဲ့ ''

စားဖိုဆောင်အပေါက်ဝမှာ လာအော်သွားသော မန်နေဂျာကြောင့် ရထာ အရှေ့က ကောင်မလေးကို ခေါင်းငြိမ့်ကာ နှုတ်ဆက်လိုက်ပြီး ကြက်သားသယ်ရမဲ့ဆီ ထွက်လာခဲ့လိုက်သည်။

ရထာထွက်သွားတာနဲ့ အပြင်ဘက်မှာ ကုပ်ချောင်းချောင်းလုပ်ပြီး အခြေအနေကိုအကဲခတ်နေတဲ့ ခင်နွယ်ကပြေးဝင်လာသည်။

A Tale of Two Hearts (Temporary Rest)Donde viven las historias. Descúbrelo ahora