Unicode
"Taehyung ငါတို့ ဒီနေ့အကောင်းဆုံးလုပ်နိုင်ခဲ့တာပဲ"
"မင်းရောပဲ"
" ထယ်ထယ်ကတော်လိုက်တာ "
Jungkook၏ထယ်ထယ်လို့ ခေါ်သံနောက်အံ့သြသလိုကြည့်လာတဲ့ taehyung ၊မျက်နှာထက် မယုံကြည်နိုင်ခြင်းပေါင်း များစွာဖြင့်
"မင်းငါ့ကို ဘယ်လိုခေါ်လိုက်တာလဲ "
"Taehyungပါဆို "
"မဟုတ် မဟုတ် အဲ့နောက်ပိုင်း ခေါ်လိုက်တဲ့ဟာကွာ "
"သြော် ထယ်ထယ် ကိုပြောတာလား"
"ရူးနေလား ဒီလို ရုပ်ဖြောင့်ဖြောင့် ၊ မေးရုိးချွန်ချွန် ၊အသားညုိညိုစိမ့်စိမ့် ၊အရပ်ကလည်းပြောစရာမလိုအောင်ရှည်ပြီးသား လူကို "
"မင်းက ချစ်ဖို့ကောင်းတယ်လေ"
"Sh*t"
"မင်းငါ့ကိုဆဲလိုက်တာလား ထယ်ထယ် "
"အဲ့နာမည် ဆက်ခေါ်ရင် ငါ လည်ပင်းထညှစ်တော့မှာ"
"ထယ်ထယ် လည်ပင်းညှစ်တော့ ပျော်တာပေါ့လို့ "
Jungkookတစ်ယောက် သီချင်းလိုဆိုကာ taehyungအား ပြောင်ပြနေ၏
"မင်း လွတ်အောင်သာ ပြေးထား"
Jungkook ကတော့အရှေ့ကနေသုတ်ခြေတင်ပြေးနေ၏။ taehyung ကလည်း တစ်စိမှအလွတ်မပေး ဂျောင်ကုနောက်ကိုအပြေးလိုက်၏။ထိုသို့ပြေးရင်း လှေကားအတတ်အဆင်း၌ jungkook ခြေထောက်လည်ကာ ပြုတ်ကျမည့်အခိုက် သူ့ခါးကိုဖက်တွယ်လာတဲ့လက်တစ်ဆုံနဲ့အတူ ခန္ဓာကိုယ်ချင်းဆွဲကပ်လိုက်တာကြောင့် ထိကပ်သွားတဲ့နှုတ်ခမ်းတစ်စုံ
"အွန့်"
စက္ကန့်သုံးဆယ်လောက် ထိလျက်သားနှုတ်ခမ်းတစ်စုံနဲ့အတူ တစ်ယောက်ကိုတစ်ယောက် အံသြစွာကြည့်နေကြ၏။သတိပြန်ဝင်လာတဲ့ taehyung
"ကျန်တော် တမင်ရည်ရွယ်တာ မဟုတ်ပါဘူး ခင်ဗျားပြုတ်ကြမှာဆိုးလို့ လှမ်းဆွဲလိုက်တာ တောင်းပန်ပါတယ်"
" အော် အင်း ရပါတယ် taehyungရေ မတော်တစ်ဆ ဖြစ်သွားတာပဲ ၊ကျေးဇူးပါ မင်း
လှမ်းဆွဲလိုက်လို့ မဆွဲရင် ငါခေါင်းကွဲလောက်တယ် "
YOU ARE READING
Angel's Devil
Fanfiction" မကောင်းမှုတွေလုပ်နေသမှျ မင်းသွားရမှာ ငရဲဘုံပဲ " "ငရဲမှာ ပျော်မွေ့လိုက်တော့ " "ကောင်းမှုတွေသာလုပ်ပါ၊ကောင်းမှု များများလုပ်ရင် ကျွန်တော်က ကောင်းကင်ဘုံကို ပို့ပေးပါ့မယ်"