"ကျွန်တော် သွားတော့မယ် ခင်ဗျားဂရုစိုက်ဦး "
"စိတ်ချပါ Taehyung လေးရဲ့ hyung ကဘယ်မှသွားတာမှမဟုတ်တာ ဒီမှာပဲ နေတာကို"
"မသိဘူးဗျာ ကျွန်တော် ခံစားချက်မကောင်းလို့ "
"အွန်းပါ hyung ဂရုစိုက်မယ်နော် ၊taehyungလေးလည်းဂရုစိုက်"
"ခဏလေး ခင်ဗျားလက်ခဏပေး"
"ဘာလို့"
"ပေးဆို ပေးဗျာ"
"ဟုတ်ပါပြီ ကဲရော့"
"ဒီလက်ပတ်လေးကို သေချာဝတ်ထား၊ ခင်ဗျား အန္တာရာယ် တစ်ခုခု ကြုံရဒါမှမဟုတ် အကူညီလိုအပ်နေရင် ဒီဟာလေးကို လက်နဲ့ထိလိုက်ပြီး ကျွန်တော့်ကို စိတ်ထဲက နေလှမ်းခေါ်လိုက်"
" အွန်း "
"ပြီးတော့ ခင်ဗျားပျင်းနေရင် အဲ့ဟာလေးကို ထိလိုက်ပြီး စိတ်ထဲကနေ ကျွနါတော့်ကိုစကားလှမ်းပြောလို့ ဆက်သွယ်လို့ရတယ်"
"ကျေးဇူးတင်လိုက်တာ Taehyung လေးကို "
"မလိုဘူး ရတယ်"
Jungkook ကတော့ ရီလျက်သာ နေကျန်ခဲ့တော့၏။ ထိုကောင်လေးက အပြောဆိုးသလောက် Jungkook အပေါ် နွေးထွေးတယ် ၊jungkookကို အမြဲကြည့်ရှုစောင့်ရှောက်ပေး၏။
Taehyung က ငရဲပြည်မှာတစ်ညပဲနေခွင့်ရသည်မို့ နောက်မနက်တွင်ပြန်ခဲ့ရသည်။ အစပိုင်းတွင် jungkookပါအတူပြန်လိုက်မလို့စီစဉ်ထားသော်လည်း Jungkook အဖေသည် ငရဲပြည်သို့ အကြောင်းကိစ္စတစ်ခု ဆွေးနွေးရန် လာခဲ့သည်မို့ jungkookက မပြန်ပဲ ဆွေးနွေးမှုအတွက် ကျန်ခဲ့ရသည်။
တစ်ဖက်ရှိ တောနက်တစ်နေရာထဲမှာတော့
"မလုပ်ပါနဲ့ တောင်းပန်ပါတယ် လွှတ်ပေးပါ "
"အာ့ မလုပ်"
"ဟားးးး ဟားးးး သူ့စွမ်းအားတွေကိုယူလိုက်ပြီ"
"ငါ ငါက ကမ္ဘာပေါ်မှာ စွမ်းအားအကြီးဆုံးဖြစ်တော့မှာ ဒီတိုင်းသာ သူတို့ စွမ်းအားတွေကို ဆက်ပြီး စုပ်ယူလိုက်ရင်"
"ငါ ငါက လုပ်ချင်တာမှန်သမျှကို အကုန်လုပ်နိုင်တော့မှာ "
"ဟင်းးးး ဟင်းး "
YOU ARE READING
Angel's Devil
Fanfiction" မကောင်းမှုတွေလုပ်နေသမှျ မင်းသွားရမှာ ငရဲဘုံပဲ " "ငရဲမှာ ပျော်မွေ့လိုက်တော့ " "ကောင်းမှုတွေသာလုပ်ပါ၊ကောင်းမှု များများလုပ်ရင် ကျွန်တော်က ကောင်းကင်ဘုံကို ပို့ပေးပါ့မယ်"