Ep(9)

193 17 10
                                    

"ဝါးး Taehyung လေး ကျေးဇူးနော် Hyung ဒီကိုလာချင်နေတာ "

"ခင်ဗျားပဲ လိုက်ပို့ခိုင်းတာမဟုတ်ဘူးလား"

"အဲ့တာက ဟီးးး taehyungလေးကလည်း Hyung ကဒီကိုလာချင်တာကိုလို့"

Taehyung နဲ့jungkook ရောက်နေတာလူ့အရောက်အပေါက်နည်း‌ေနတဲ့  ကျွန်းတစ်ခု၊လူဆိုသည့်အရိပ်အ​ရောင်တစ်ခု​တောင်မ​တွေ့ရသလို  ​ဘေးပတ်ဝန်းကျင်ကလည်း ပန်းရနံ့ ၊ပန်းခင်းများကကြို​နေ၏။ Taehyungလို ဘာကိုမှ သ​ဘောမကျတဲ့သူ​တောင် ဒီ​နေရာ​လေးကိုသ​ဘောကျ​နေမိ၏။ ​လေနု​အေး​လေးများလည်းတိုက်ခတ်​နေကာ
​နေ​ရောင်ခြည် ​နွေး​နွေး​လေးများက ​နေ​ရာအနှံ့ ဖြန့်ကျက်​နေ၏။​

"Taehyung​လေး ဟို​တောင်ကုန်​လေးကို လာခဲ့၊ အဲ့တာ hyungတို့​နေရမဲ့​နေရာ"

"အင်း"

Taehyungတို့​နေရမည့်အိမ်ကလည်း​ခေတ်မှီmodernအိမ်အမျိုးစား​ဖြစ်ကာ ​ရှေ့ဘက်တွင်  မျက်ထူထူများက ကာရံထား၏။အ​ရှေ့ဘက် မှန်က​နေ ကြည့်ရင် ​တောင်တန်းများကိုမြင်​နေရ၏။​

"Taehyung​လေးထိုင်"

"ဒါ ခင်ဗျားအိမ်လား "

"ဆိုပါ​​တော့ "

"အင်း"

"ဒါနဲ့ပတ်ဝန်းကျင်က လှပြီးအေးချမ်းတယ်မို့လားtaehyung"

"ကျွန်​တော့်လို ဘာကိုမှ မကြိုက်တဲ့လူ​တောင် ဒီ​နေရာကိုနည်းနည်း​လေးသ​ဘောကျတယ်"

"အွန်း ဒီ​နေရာ​လေးက hyungဒီကမ္ဘာ​မြေကြီးစ​ရောက်ပြီး ပထမဆုံးရှာ​တွေ့ခဲ့တဲ့ ​နေရာ​လေး၊ပြီး​တော့.... "

"ဆက်​ပြော​လေ ကျွန်​တော် နား​ထောင်​နေတယ်"

" သားသားမီးမီး​တွေနဲ့ ဒီ​နေရာမှာ အ​ခြေချဖို့စိတ်ကူးထားတာ"

"ခင်ဗျားက မိန်းမယူအုံးမလို့လား"

"ဟမ် မဟုတ်ဘူး​လေ hyungစိတ်​တောင်မကူး​​သေးဘူး​လေ မိန်းမယူဖို့"

"အဲ့တာဆို ဘာလို့သားသားမီးမီး​တွေကပါလာတာလဲ "

"အာ Hyung လျှို့ဝှက်ချက်တစ်ခု Taehyung လေးကိုပြောပြမယ်နော်"

Jungkook တို့ရဲ့ နတ်ပြည်မှာက ဆုတောင်းပြည့် ရေတံခွန်ရှိ၏။ မိမိကို ပေးထားတဲ့ တာဝန်များပြီးမြှောက်ခဲ့ပါက ထိုရေတံခွန်တွင် ကြိုက်ရာဆု သုံးဆုကိုတောင်းခံနိုင်၏။ Jungkook ၏ အမေသည် ပန်းသီးလေးမှ မွေးဖွားလာသူတစ်ဦးဖြစ်၏။ အကြောင်းက အဖိုးသည် အိမ်ထောင်မပြုပဲ ဒီရေတံခွန်၌ပင် ခလေးတစ်ဦးကိုသာ တောင်းဆိုခဲ့၏။ထိုကဲ့သို့ဆုတောင်းပြီး ညဘက်တွင် အဖိုး၏အိမ်ရှေ့သို့ ပန်းသီးလေး တစ်လုံးရောက်ရှိခဲ့၏။ထိုပန်းသီးလေးအား ကောက်ရပြီး ညဘက်12နာရီအတိမှာပင် ပန်းသီလေးက အရောင်တွေဖြာလက်ကာ ခလေးသေးသေးလေးတစ်ယောက် ပေါ်ထွက်လာခဲ့၏။ဤသို့ဖြင့်  Jungkook ၏မေမေသည် အသန့်စင်ဆုံးဆုဖြင့်မွေးဖွားခဲ့သူတစ်ဦးဖြစ်သည့်အပြင် မေမေ့ကိုယ်သင်းနံ့လေးသည်လည်း ပန်းသီးစိမ်းအနံ့လေးသင်းနေ၏။

Angel's DevilWhere stories live. Discover now