Unicode
Taehyung တစ်ယောက် ကျောင်းကပြန်လာပြီးဖြစ်သည်။
"ဟူး ပင်ပန်းလိုက်တာ "
Taehyungက လူတွေနဲ့ရောရောနှော နေရတာကို မကြိုက်ပါ ။လူတွေရဲ့အနံ့မျိုးစုံက သူ့အတွက် စိတ်အနှောင့်အယှက်ဖြစ်စေကာ စိတ်မွန်းကြပ်စေ၏။ ထို မွန်းကျပ်မှုများကိုသက်သာစေရန် taehyung bathub အနက်ရောင်ထဲသို့ ဝင်ထိုင်နေလိုက်၏။လက်ကလည်းwiskey တစ်ခွက်ကိုင်ကာ နေ့လည်က သူနဲ့အတူထိုင်ခဲ့တဲ့ကောင်လေးအကြောင်းတွေးနေမိ၏။
Taehyungထိုကောင်လေးကိုတွေ့လိုက်စဥ် သူ့ရဲ့ ညာဘက်လက်ရှိ ရွှေရောင်နေမင်းအမှတ်သားက ကျဥ်ကနဲဖြစ်သွား၏။ အဲ့အမှတ်သားလေးက ကိုယ့်လက်တွဲဖော်တွေ့ရင် တစ်ခုခုပြောင်းလဲသွားတတ်ကြောင်းကို taehyung နားစွင်နားဖျား ကြားမိ၏။ဒါပေမဲ့သူသေချာမသိပါ။ ဒီအဓိပ္ပါယ်က သူ့အတွက် mateကို တွေ့သောအမှတ်အသားလား ဒါမှမဟုတ် အန္တာရယ်လားဆိုတာ သူကိုယ်တိုင်မသိပါ။ လပြည့်ည ပြန်တော့မှ သူဒီဟာကို မားမားအားေသချာမေးမည်ဖြစ်သည်။အခုဖြင့်သူရေစိမ်ရင်းသေချာအနားယူကာ မနက်ဖြန်အတွက် အားဖြည့်မည်ဖြစ်သည်။
"Taehyung taehyung "
"Taehyungနားထဲဝင်လာတဲ့အသံများ သေချာပါတယ်သူ့အကို namjoonသူ့ဆီ လာတော့မည်ကို "
Taehyung ရေမိုးချိုး အဝတ်အစားလဲပြီး ဧည့်ခန်းထဲသို့ထွက်လာ၏။ထိုအချိန်ဧည့်ခန်းထဲသို့ရောက်ရှိနေတဲ့လူတစ်ယောက်
"ဘာကိစ္စလဲ Hyung"
"အဖေက taehyung ကိုအမှာပါးလိုက်တယ် "
"သူ့ဟာသူလာပြောရတာကို "
"ဪ အေး နှစ်ယောက်ကအတော်တည့်တော့"
"ကဲ ထားပါ ငရဲမင်းကြီးက ဘာပြောခိုင်းတာတုန်း hyungကို "
"ဖအေကို ဘာကိုငရဲမင်းကြီးလဲ အဖေဖြင့်အဖေခေါ်လေ "
"Hyung မပြောရင်ပြန်တော့ ကျွန်တော်အိပ်တော့မှာ"
"မင်းအခုနေတဲ့ နေရာကိုလူသစ်ရောက်မယ် ၊သူ့ကိုသေချာဂရုစိုက်ပေး ၊ဖေ့ဖေ့မိတ်ဆွေတော်ကြီးရဲ့သား"
![](https://img.wattpad.com/cover/314416703-288-k28218.jpg)
YOU ARE READING
Angel's Devil
Fanfiction" မကောင်းမှုတွေလုပ်နေသမှျ မင်းသွားရမှာ ငရဲဘုံပဲ " "ငရဲမှာ ပျော်မွေ့လိုက်တော့ " "ကောင်းမှုတွေသာလုပ်ပါ၊ကောင်းမှု များများလုပ်ရင် ကျွန်တော်က ကောင်းကင်ဘုံကို ပို့ပေးပါ့မယ်"