EP (8)

210 18 6
                                    

Unicode

"ဒေါက် ဒေါက်"

"Taehyung လေးရေ ထတော့ Hyungနဲ့ နံနက်‌ေစာ‌ေစာလမ်းလျှောက်ကြမယ်"

"Kim taehyung မင်း ဘယ်ဘဝကငရဲတွေလဲကွာ ၊လုံးဝမသိချင်ယောင်ဆောင်လိုက် "

"Taehyung လေးရေ နိုးရင်ထကွာ  Hyung စောင့်နေတယ်"

"​ဒေါက်"

Jungkook နောက်တစ်ခါ တံခါးကို မခေါက်မှီ  အိပ်မှုန်စုတ်ဖွားနဲ့ ထွက်လာတဲ့ taehyung
မနက်စောစောစီးစီး ဘာမှပြင်ဆင်မှုမရှိတာတောင် taehyung ၏ရုပ်ရည်ကချောမောနေဆဲပင်ဖြစ်သည်။

"ခင်ဗျားဗျာ ကျွန်​တော် အိပ်ချင်​သေးတယ်​လေဗျာ "

"မအိပ်နဲ့တော့ မနက်စောစော လေ့ကျင့်ခန်းလုပ်မှ ကျန်းမာရေးအတ‌ွက် ကောင်းမှာ။ ကျန်းမာရေးကောင်မှု အပြစ်ဒဏ်ပေးခံရရင် ဒီထက်ပိုခံနိုင်မှာ "

"ခင်ဗျားက ကျွန့်တော့်အမေလား Jungkook "

"အမေဆိုလည်း အမေပေါ့ ၊ဒါနဲ့အကြီးကို အခုထိ ခင်ဗျားလို့သုံးနေတာလား"

"လာပြန်ပြီ အသက်က သိပ်မကွာပဲနဲ့ဗျာ"

"မသိဘူး မျက်နှာသစ်တော့ Taehyung ပြီးတော့ Hyung နဲ့အတူ လေ့ကျင့်ခန်းလုပ်"

"အင်း"

"ပြီးတော့ ဒီနေ့ကစနေဆိုတော့ Hyung နဲ့ဈေးသွားဝယ်မည် ကြားလား"

"အေး အေးဟေ"

"အကြီးကို"

Jungkook နှုတ်ခမ်းလေးအား လက်ချောင်းလေးဖြင့် ပိတ်ထားကာ ဆက်မပြောဖို့ taehyung ဆိုလိုက်၏။တစ်ကယ်taehyung မသဲကွဲ​တော့ပါ သူက အိမ်ရှင်လား ၊ ဒီလူက အိမ်ရှင်လားဆိုတာ

သူတို့နှစ်ယောက်ကို ဖြတ်ပြေးနေတာ မျက်စိမလွှဲကြည့်နေသူက ခပ်များများ ၊ taehyung တစ်ယောက်ပြေးနေရင်းပင်

"Jungkook"

"အေးTaehyung လေးပြောလေ"

"ခင်ဗျား လူတွေရဲ့အာရုံစိုက်ခံရတာကိုကြိုက်တာလား"

"မကြိုက်ပါဘူး ဘာလို့"

"ကျွန်တော်တို့နှစ်ယောက်ပန်းခြံထဲမှာပြေးနေတာကိုလူတိုင်းကြည့်နေတဲ့ ခင်ဗျား သတိထားမိလား"

Angel's DevilWhere stories live. Discover now