Unicode
ညနက်လာလေ Taehyung အခန်းက အသံကပိုကျယ်လောင်လာလေဖြစ်သည်။ သူ့ခန္ဓာကိုယ်က ပေါက်ထွက်ထွက်တော့မတတ်ပူလောင်နေ၏။ taehyung အသံမထွက်မိအောင်ကြိုးစားနေမိ၏။jungkookသာအခန်းထဲဝင်လာရင် သူ့အတွက်အန္တာရာယ်ရှိနိုင်တာကိုသိသောကြောင့် ညနေကတည်းကပင်jungkookကိုဘာကိစ္စဖြစ်ဖြစ်အခန်းထဲမလာနှင့်ဟု ပြောပြီးသားဖြစ်ေသာကြောင့် taehyung စိတ်အနည်းငယ်အေးနေရ၏။
တစ်ဖက်အခန်းရှိ jungkookမှာလည်း ထိုင်မရထမရဖြစ်နေကာ သွားရနိုးနိုး မသွားရနိုးနိုးနဲ့ တစ်ယောက်တည်း ချီတုံချတုံနေဖြစ်နေ၏။
"အား "
Taehyung ချုပ်တည်းနေတဲ့ကြားတည်းက အသံထွက်မိသွား၏
"မဟုတ်ဘူး သူနေမကောင်းနေတာလား၊တစ်ခုခုဖြစ်နေတာလား မဖြစ်ဘူး ငါသွားရမယ်"
"ဒေါက် ဒေါက်"
"Taehyungတံခါးဖွင့် ၊taehyungငါပြောတာကြားလား တံခါးဖွင့်လို့ မင်းမဖွင့်ရင်ငါတံခါးဖျက်ဝင်လာခဲ့မှာ"
နာကျင်နေတဲ့ကြားက taehyungပြောမိသည်က
"မလာနဲ့"
အခန်းထဲက ကြားလိုက်ရသည့်အသံက မလာနဲ့တဲ့
"တောင်းပန်ပါတယ် taehyung ငါမင်းစကားကို နားမထောင်နိုင်ဘူး"
Jungkook သူစရောက်လာတည်းက taehyung ပေးထားတဲ့ သောအပိုနဲ့ taehyung တံခါးကို ဖွင့်နေမိ၏။ကံကောင်းတယ်ဆိုရမလား တံခါးကချက်ချင်းပွင့်သွား၏။jungkookအလျင်အမြန် အခန်းထဲသို့ ဝင်လိုက်ပြီးနောက်
"ဟမ် taehyung မင်း အဆင်ပြေရဲ့လား ဟင် ၊ taehyung "
ကုတင်ပေါ်တွင် ခန္ဓာကိုယ်တစ်ခုလုံးအနီရောင်လွှမ်းနေကာ ၊နှုတ်ခမ်းထက်ဖြူဖျော့နေတဲ့ taehyung
"မလာနဲ့ ခင်ဗျား ကျွန်တော့်နားကို မလာနဲ့ ခင်ဗျား အပူလောင်ပြီးပြာဖြစ်သွားလိမ့်မယ် "
ပြောလည်း ရှေ့ဆက်တိုးလာသည့်jungkookကြောင့် Taehyung ကုတင်အောက်ကိုဆင်းဖို့အလုပ် အားနည်းနေတဲ့သူ့ခန္ဓာကိုယ်ကို ယိုင်ခနဲ့ ဖြစ်သွားကာ၊ကျယ်ပြန့်တဲ့ရင်ခွင်ထဲသို့ တန်းတန်းမတ်မတ် ၊
YOU ARE READING
Angel's Devil
Fanfiction" မကောင်းမှုတွေလုပ်နေသမှျ မင်းသွားရမှာ ငရဲဘုံပဲ " "ငရဲမှာ ပျော်မွေ့လိုက်တော့ " "ကောင်းမှုတွေသာလုပ်ပါ၊ကောင်းမှု များများလုပ်ရင် ကျွန်တော်က ကောင်းကင်ဘုံကို ပို့ပေးပါ့မယ်"