Unicode
နေမင်းကြီးက အရှေ့အရပ်ကနေတဖြည်းဖြည်းထွက်လာပြီး ကမ္ဘာမြေပေါ်သို့နေရောင်ခြည်နွေးနွေးလေးများကိုဖြန့်ကျက်ပေးလျက်ရှိ၏။ပန်းကလေးများကလည်း နှင်းရည်သောက်သုံးကာ နေရောင်ခြည်၏အကူအညီဖြင့် လှလှပပဖွင့်ဖူးနေ၏။
"တီ တီ "
နာရီနိုးစက်မှမြည်လာသော အချက်ပေးသံ
"ကျစ် အိပ်ကောင်းပြီဆို လာပြီအဲ့အသံ"
Taehyungအတွက် ဒီလိုအရာတွေကမစိမ်းတော့ပါ၊ သူဟာလည်းလူသားတစ်ယောက်လိုပင် ပြုမူနေထိုင် သွားလာ၏။devilဖြစ်လို့အစွမ်းနဲ့လုပ်လိုက်မည်ဟု၍မရှိ။သူ့၏စွမ်းအင်အားမဟုတ်သောနေရာတွင်အသုံးမချပါ ။တစ်ကယ့်ခွင့်မလွှတ်နိုင်သည့် ယုတ်ညံ့ သည့်လူများတွင်သာ သူ့၏စွမ်းအင်ကိုကောင်းစွာ အသုံးချ၏။
မနက်ခင်း သွားတိုက်ရေချိုးပြီးသောအခါ အောက်ထပ်ရှိ စားပွဲခုံပေါ်တွင် ရှိသည့်
ပေါင်မုန့်တစ်ချပ်ကို စတော်ဘယ်ရီယိုလေးသုတ်ကာ စား၍ထွက်လာခဲ့၏။ သူ့ရေခဲသေတ္တာထဲတွင်ရေဘူးကလွဲ၍ ဘာမှျမရှိ ။နေ့လည်စာ နဲ့ ညစာကိုလည်း ဖြစ်သလို delivery နဲ့သာမှာစား၏။"သား jungkook အစစအရာရာဂရုစိုက်နော် "
"ဟုတ်ကဲ့ ဖေဖေ သားသွားပြီ "
Jungkookကအလေ့အကျင့်တစ်ခုရှိ၏။မနက်ဘက်ဆို နံနက်စောစောလေးထကာ ထမင်းဟင်းများကို ချက်ပြုတ်တတ်၏။ တစ်နေ့သုံးကြိမ် ထမင်းအပြည့်အဝစား၏။မချက်ပြုတ်ရင်တောင်သေချာပေါက်အာဟာရပြည့်ဝသည့်အစားအစားများကို မှာယူစားသောက်၏။ သူ့ ၏လူပြည့်မှာနေသည့်အစမ်းတစ်လတွင် ထိုအလေ့အကျင့်က စွဲကပ်လာ၏။ ထို့အပြင် လေ့ကျင့်ခန်းကိုလည်းပုံမှန်လုပ်ဖြစ်၏။
"ကဲ ရွှေအိုရောင်လေးရေ ဒီနေတော့နာမည်လေးမေးမှာမို့လို့ပြန်ပြီးဖြေပေးရင်သိပ်ကောင်းမှာပဲ"
တက္ကသိုလ် ဝန်းကြီးကတော့ ထုံစံအတိုင်းကျောင်းသူကျောင်းသားများ၏ အသံများဖြင့်ဝေဆာနေ၏။ တစ်ယောက်ကိုစလိုက် နောက်လိုက်ဖြင့်တစ်ကယ်ကိုပင်ပျော်ရွှင်စရာ ကောင်းလှ၏။ jungkookကတော့ ထို ကြည်နူးစရာလေးများကို ကြည့်ကာပြုံးလျက် စာသင်ခန်းထဲသို့သာဝင်လာ၏။ Jungkook အခန်းထဲသို့ဝင်လာစဉ် ပထမဆုံးလှမ်းကြည့်မိသည်က မနေ့ကကောင်လေးဆီသို့
![](https://img.wattpad.com/cover/314416703-288-k28218.jpg)
YOU ARE READING
Angel's Devil
Fanfiction" မကောင်းမှုတွေလုပ်နေသမှျ မင်းသွားရမှာ ငရဲဘုံပဲ " "ငရဲမှာ ပျော်မွေ့လိုက်တော့ " "ကောင်းမှုတွေသာလုပ်ပါ၊ကောင်းမှု များများလုပ်ရင် ကျွန်တော်က ကောင်းကင်ဘုံကို ပို့ပေးပါ့မယ်"