Unicode
"Taehyung အဆင်ပြေရဲ့လား "
"ပြေတယ် ဒီလောက်က ကျွန်တော့်အတွက်ပါးမွှားလေးပဲ ရှိတယ် "
"Hyungလည်းလေး ဒီကိုစရောက်တည်းကသတိထားမိပေမဲ့ ၊ဒီတိုင်းစိတ်ထဲကဖြစ်နေတာလို့ပဲထင်နေမိတာ "
"အဲ့ကောင်တွေ ကျွန်တော်တို့နောက်လိုက်နေတာ 2ပတ်ကျော်ကျော်လောက်ရှိနေပြီ၊ခင်ဗျား သေချာသတိမထား မိလို့ "
Taehyung ကျောင်းတတ်နေရင်းလူတစ်ယောက် အမြဲအနောက်လိုက်လိုက်နေတတ်တာကို လွန်ခဲ့တဲ့ နှစ်ပတ်လောက်တည်းကသတိထားမိ၏။ သို့သော် taehyungတွေးသည်က သူ့အား အမြဲ နောက်က လိုက်၍ စောင့်ရှောက်နေသည့် ငရဲမင်းကြီး၏ လူယုံဟုသာထင်ခဲ့မိ၏။ သို့သော် ခရီးထွက်လာရင်း နောက်မှ တစ်ရိပ်ရိပ်ပါလာသည့် အရိပ်များကြောင့် ရန်သူဆိုတာကို taehyung သိခဲ့ကာ အခြေအနေကိုစောင့်၍ အပြတ်ရှင်းရန် စဉ်းစားခဲ့၏။
"Taehyungက အစစအရာရာ တော်နေလိုက်တာ "
"ကျွန်တော်က အားလုံးရဲ့ ထိပ်ဆုံးမှာ ဖြစ်နေမှ ကျွန်တော့်အသက်တည်မြဲမှာ "
"အန္တာရယ် များလိုက်တာ "
"အင်း အန္တာရယ်များပေမဲ့ အဲ့နည်းလမ်းကပဲ ကျွန်တော့်ကို အန္တာရယ်ကင်းစေမှာ "
"မနက်ဖြန်ကြမှ hyungတို့ ပိုးစုန်းကြူးလေးတွေ ပြန်လာကြည့်ကြမယ်နော် ၊ ဒီနေ့က taehyung လေးလည်းပင်ပန်းနေမှာ hyung ကြက်သား စွပ်ပြုတ်လေး လုပ်တိုက်မယ်လေ အားရှိသွားအောင် "
"ကျွန်တော် မပင်ပန်းပေမဲ့ခင်ဗျားသဘောပဲ"
Taehyungထူးပြီး ဒီလူကို ကန့်လန့်မတိုက်ချင်ပါ။သူ့ရဲ့စိတ်ထားကနတ်သားဆိုတဲ့အတိုင်း နူးညံ့နေပြီး စိတ်အထိအရှလွယ်၏။ ထို့အတွက် taehyungက ထိုလူစိတ်ထိရှသွားမည့်မည်သည့်ကိစ္စကိုမဆို မလုပ်ဖို့ဆုံးဖြတ်ထား၏။ ဘာကြောင့်ဒီလို လုပ်တာလည်းဆိုတာ taehyungကိုယ်တိုင်နားမလည်တော့ပါ ။
"Jungkookကတော့ မီးဖိုချောင်းထဲ လှုပ်စိလှုပ်စိနဲ့ taehyung သောက်ဖို့ ကြက်စွပ်ပြုတ်လေး ကို စနစ်တကျ ပြုတ်နေ၏။ ထို့အပြင် tvကြည့်ရင်းစားဖို့ အသီးလေးတွေပါ တစ်ပါတည်း ခွဲစိတ်လိုက်၏။
YOU ARE READING
Angel's Devil
Fanfiction" မကောင်းမှုတွေလုပ်နေသမှျ မင်းသွားရမှာ ငရဲဘုံပဲ " "ငရဲမှာ ပျော်မွေ့လိုက်တော့ " "ကောင်းမှုတွေသာလုပ်ပါ၊ကောင်းမှု များများလုပ်ရင် ကျွန်တော်က ကောင်းကင်ဘုံကို ပို့ပေးပါ့မယ်"