Taehyung တစ်ယောက် Jungkook ကိုရှောင်နေသည်မှာ ခရီးထွက်ပြီးပြန်ရောက်လာကတည်းကပင်ဖြစ်သည်။ အဲ့နေ့က taehyung ရဲ့မသိစိတ်ကထွက်သွားတဲ့စကားလုံးအတွက် taehyungကိုယ်တိုင်ရှက်နေမိ၏။ ထို့အပြင် ထိုလူရှေ့ရောက်တာနဲ့အလိုက်မသိ ခုန်နေသော ရင်ဘက်ထဲက အကောင်ကြောင့် jungkookနဲ့ မျက်နှာချင်းဆိုင်ထိုင်ရမဲ့အရေးကို taehyung ရှောင်ပြေးနေခဲ့၏။။ပုစွန်ဆီရောင် ကောင်းကင်ပြင်နဲ့အတူ ပိုးစုန်းကြူးလေးများ၏အလင်းအကူအညီဖြင့် ကနေခဲ့သော jungkookက တစ်ကယ်ကိုလှပနေခဲ့ကာ ဆံပင်ကောက်ကွေးလေးများဆီမှလေအဝှေ့တစ်ချက်၌ ထွက်လာခဲ့တဲ့ခေါင်လှေျာ်ရည်နံ့သင်းသင်းလေးကလည်း taehyung၏စိတ်ထဲ အေးချမ်းမှုကို ဖြစ်ပေါ်စေခဲ့၏။
Taehyung ထိုလူနဲ့ပက်သက်ပြီးမှစိတ်အမျိုးမျိုးဖြစ်ပေါ်လာခဲ့သည်။jungkook မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ဆံပင်ကောက်ကောက်လှတွေနဲ့ ချစ်စရာ လှပနေတဲ့အခိုက်အတန့်လေးတွေရှိရင် taehyungက ကာကွယ်ပေးချင်မိသလို၊ထိုလူမိမိုက်နေတဲ့အချိန်ကြရင်လည်း taehyungက ထိုလူအား အားကိုးချင်နေမိ၏။တစ်ချိန်တည်းမှာ လှနေပြီး တစ်ချိန်တည်းမှာ မိမိုက်နေတဲ့ ထိုလူအား taehyung တစ်ခြားသူများထက်အနည်းငယ်လေးသဘောကျနေမိ၏။
"Taehyungမနက်စာ စားမသွားဘူးလား"
"ကျွန်တော်မစား စားစားမယ် "
မျက်နှာလေးငယ်သွားတဲ့ jungkookကြောင့် Taehyung မငြင်းတော့ပဲ ထိုင်စားဖို့သာ ပြင်လိုက်ရ၏။
"Taehyung အခုတစ်လော Hyung ချက်တဲ့ဟင်းတွေကမကောင်ဘူးလားဟင်"
"ကောင်းပါတယ်"
"ဪ Hyung ကမကောင်းဘူးထင်လို့ အရင်လိုအများကြီးလည်းမစားလို့"
"အင်း"
(ဘာလဲ ဒီလူက မရှက်ဘူးလား ငါတစ်ယောက်တည်းရှက်နေတာလား ၊ ငါရှောင်နေတာကိုသူမသိတာလား ၊ သူချက်တာတွေကို စားမကောင်းဘူးလို့ပဲထင်နေတာလား ဟု ပင် taehyung တွေးနေမိ၏။
တစ်ခြားတစ်ဖက်က jungkook ကလည်း
Taehyung သူ့ကိုရှောင်နေတာ သူသတိထားမိ၏။ ဒါက ခရီးထွက်ပြီး ပြန်လာကတည်းကပင် ဖြစ်သည် ။ ဒီကောင်လေးက တစ်ကယ့်ကို အူယားစရာလေးပင် သူ့ဘာသူ jungkookကို လှတယ်ပြောပြီး သူ့ဘာသာသူရှက်နေတဲ့ ကောင်လေးပါပင်။ Jungkook လည်း ရှက်လားဆိုတော့ ရှက်တယ်လို့ပင်ဖြေရမည် ထို အကြောင်းကိုတွေးလိုက်တိုင်း Jungkook မျက်နှာပေါ်မှာ အပူလှိုင်းလေးတွေ ဖြတ်သွားတာကို Jungkook ကိုယ်တိုင်သာအသိဆုံးဖြစ်သည် ။
YOU ARE READING
Angel's Devil
Fanfiction" မကောင်းမှုတွေလုပ်နေသမှျ မင်းသွားရမှာ ငရဲဘုံပဲ " "ငရဲမှာ ပျော်မွေ့လိုက်တော့ " "ကောင်းမှုတွေသာလုပ်ပါ၊ကောင်းမှု များများလုပ်ရင် ကျွန်တော်က ကောင်းကင်ဘုံကို ပို့ပေးပါ့မယ်"