EP(13)

143 13 8
                                    

ရှုပ်ထွေးနေသော ခံစားချက်များက ချစ်ရသူအဝေးသို့ သွားမယ်ဆိုတော့မှ ချစ်မိနေတာကို အသေချာသိခဲ့မိ၏။ကိုယ်ချစ်နေတာကို ထုတ်ဖော်မပြောဘူးလို့ စိတ်ထဲတင်းထားသော်လည်း ချစ်ရသူရဲ့ အိမ်အပြင်သို့ ထွက်သွားတဲ့ခြေလှမ်းလေးကပင် Taehyung အား ချစ်တယ်ဟု ထုတ်ဖော်ပြောဖို့ ဖိအားပေးခဲ့သယောင်

"Jungkook  ကျွန်တော်အခု ခင်ဗျားကို ချစ်ခွင့်ပန်ထားတယ်နော် အဲ့တော့ ခင်ဗျားဘက်က ကျွန်တော့်ကို အဖြေပြန်ပေးဖို့စဉ်းစားထား"

"အမ် hyungအဖြေပြန်ပေးပြီးပြီ မဟုတ်ဘူးလား "

"မပြောသေးပါဘူး"

"ကိုယ်ပြောတယ်လေ ကာကွယ်ပေးချင်တယ် စေယာင့်ရှောက်ပေးချင်တယ်ဆိုပြီး"

"အဲ့တာက ချစ်တယ်လို့ပြောတာမှမဟုတ်တာ "

"အဲ့တာက "

Jungkook ချစ်လို့ပြောတာလို့ဆိုပြီး ဟန်ပြင်ပြီးခါမှ ဒီကောင်လေးအား  နည်းနည်းလေး ညစ်ချင်လာသည်မို့ 1ပတ်လောက် အဖြေပြန်မပေးဘဲမူလိုက်ဦးမည်ဟု စိတ်ထဲတွင် ပြောလိုက်၏။

"ဘာကို အဲ့တာကလဲ ဆက်ပြောလေ Jungkook"

"ဘာမှမဟုတ်ဘူး  hyung ရဲ့အဖြေမြန်မြန်လိုချင်ရင် Taehyung လေးဘက်ဒီ့ထက် ပိုကြိုးစားပေါ့ အဲ့တာဆို စဉ်းစားပေးမယ် "

"ကျွန်တော်က ဘယ်လို လုပ်ရမှာလဲ Jungkook "

"အဲ့တာကတော့ Taehyung လေးဘာသာစဉ်းစားပေါ့ ၊ပြီးတော့ hyung ကို Jungkook လို့ ဆက်ခေါ်နေမယ်ဆိုရင်တော့ အဖြေက နည်းနည်းပိုကြာမယ်ထင်တယ်နော်"

"ဟာ ခင်ဗျား အကျင့်မကောင်းဘူးဗျာ"

"ခင်ဗျား"?

"နိုးနိုး ကိုကိုကလည်း ကျွန်တော် ကြိုးစားပါ့မယ်ဗျာ"

"အွန်း မဆိုးပါဘူးလေ  ကိုကိုဆိုတော့လည်း "

"ကိုကို ညောင်းနေလား ကျွန်တော်နှိပ်ပေးရမလား"

"Taehyung လေးက နှိပ်ပေးချင်လို့လား ၊နှိပ်ပေးရင်ပိုကောင်းတာပေါ့လေ"

"အဲ့တာဆို Jungkook ...
အဲ မှားလို့ ကိုကို ဟိုဘက်လှည့် ကျွန်တော် နှိပ်ပေးမယ်"

Angel's DevilWhere stories live. Discover now