အပိုင်း(၄၀)
"ဘာကိစ္စလဲ"
"ဦးလေးတို့မိသားစုကိုတောင်းပန်ချင်လို့ပါ"
"ဘာလို့လဲ"
"ဖွားဖွား ဦးလေးတို့အပေါ််မှာ မောက်မောက်မာမာဆက်ဆံခဲ့မိရင်တောင်းပန်ပါတယ်"
"ဒါမင်းအမှားမဟုတ်ဘူး မင်းအဖွားကိုယ်တိုင်တောင်းပန်ရမှာ"
"ဘာပဲဖြစ်ဖြစ် ဒီကိစ္စတေဟာ ညှို့ကနေ အရင်းခံလာတာမို့ ညှို့တောင်းပန်ရမှာပါ"
"ဒါဆိုမင်းမှားလို့တောင်းပန်တာပေါ့ "
"ဟုတ်ကဲ့ ပြီးတော့ မိန်းမသားတစ်ယောက်အနေနဲ့ မရှက်တမ်းပြောရရင် ညှို့ဟာမိန်းမတစ်ယောက်ကိုချစ်မိတယ် ရုပ်ရည်ရူပကာထက် နှလုံးသားရဲ့စေစားမှုအရချစ်ခဲ့တာပါ ဦးနှောက်နဲ့ ပြန်စဉ်းစားကြည့်တော့လည်း သူ့ကိုပဲလိုချင်နေမိတယ် "
"အချစ်ကအရာရာကိုတည်ဆောက်နိုင်မယ်များ မင်းထင်နေသလား"
"မထင်ပါဘူး ညှို့သိပါတယ် အချစ်ကဘဝကြီးမဟုတ်ပါဘူး ဒါမယ့် ဘဝရဲ့အစိတ်အပိုင်းလေးတစ်ခုပါပဲ လူတစ်ယောက်မှာ အစိတ်ပိုင်းတစ်ခုခုချို့ယွင်းနေရင် အဲ့လူဟာ မကျန်းမာသလိုပဲ အချစ်မရှိရင် ဘဝမှာ ကြာကြာရပ်တည်နိုင်ဖို့မလွယ်ပါဘူး "
"ဟုတ်ပါပြီ...ဆိုတော့ကာ မင်းက ငါ့သမီးနဲ့မင်းကိုသဘောတူပေးစေချင်နေတာလား"
"ဟုတ်ပါတယ်"စွဲညှို့အားတင်းကာပြန်ဖြေလိုက်သည် ဦးသွင်မင်းက စောင်းချိတ်ရယ်လျက်
"အဟက်! အဲ့လောက်လွယ်မယ်ထင်နေသလား မင်းမရှက်ဘူးလား မိန်းကလေးတစ်ယောက်ဖြစ်ပြီး ငါ့သမီးကိုလာတောင်းရဲတာ ဘလိုသတ္တိလဲ ဟမ်"
"မိန်းကလေးတေအကြောင်းကိုမိန်းကလေးတေထက်ပိုသိနိုင်ပါဘူးဦးလေး ပြီးတော့ လူတစ်ယောက်ကလူတစ်ယောက်ကို မေတ္တာရှိလို့ရှိတယ်ပြောတာ ရှက်စရာမဟုတ်ပါဘူး ညှို့ရှက်လည်းမရှက်ဘူး ယောက်ျားတေကရော မိန်းမတေလောက်သတ္တိရှိတဲ့သူတေရှိရဲ့လား လက်ချိုးရေလို့ေတာင်ရပါတယ်
မိဘမသိအောင်ခိုးတွဲပြီး ကွယ်ရာမှာဖြစ်ချင်တိုင်းဖြစ်နေတာထက် အခုလိုအသိပေးပြီးခွင့်တောင်းတာကမှ ပိုပြီး သိက္ခာရှိပါသေးတယ်"
တစ်လုံးချင်းချက်ကျလက်ကျသေချာပြောပြနေပြီး ဦးသွင်မင်းလည်း သေချာစူးစိုက်နားထောင်နေလျက်
"ဒါမဲ့ ငါ့သမီးကိုတော့မိန်းကလေးတစ်ယောက်နဲ့သဘောမတူနိုင်ဘူး"
"ဦးလေးသေချာစဉ်းစားပေးပါ ညှို့အစစရာရာသာတဲ့ဘဝမျိုးနဲ့ ခေတ်ကိုထားနိုင်ပါတယ် စိတ်ချမ်းသာအောင်လည်းထားနိုင်ပါတယ် ခေတ်ကိုကာကွယ်နိုင်လောက်တဲ့နောက်ခံအင်အားလည်းအပြည့်ရှိပါတယ် ခေတ်စိတ်တိုင်းကျလည်းဖြစ်စေရပါ့မယ် "
"ငါ့သမီးပတ်ဝန်းကျင်မှာ မင်း ကြောင့်အရှက်ရလိမ့်မယ် ငါ့သမီးကိုချစ်ရင် သူ့အတွက်ကြည့်ပေးပါ"
"ဦးလေးသိလား ဦးလေးအတ္တကြီးနေတာ ကိုယ့်သားသမီးကဘာဆိုတာကိုအခုထိလက်မခံနိုင်သေးတာ "စွဲညှို့စကားတေကြောင့် ဦးသွင်မင်းစိတ်တိုလာကာ
"ဘာကိုလက်ခံရမှာလဲ လက်ခံနိုင်စရာအကြောင်းကိုမရှိတာ ငါတို့အမျိုးထဲမှာလည်းဒီလိုမျိုးမရှိဘူး ရှိမလာအောင်လည်းလုပ်ရမှာပဲ"
"အာ့ဆို ဦးလေးကခေတ်ကို အိမ်ထောင်ချပေးမို့လား"စွဲညှို့စိုးရိမ်စွာနဲ့မေးလိုက်တော့ တည်ငြိမ်စွာနဲ့ပြန်ဖြေလာသည်
"ဒါငါ့ဆန္ဒပါ မင်းကိုပြောစရာမလိုဘူး ငါ့သမီးကိုငါဘယ်သူနဲ့ပေးစားပေးစား မိန်းကလေးနဲ့တော့ ဘယ်တော့မှပေးစားမှာမဟုတ်ဘူး"
"ဦးလေး...ဦးလေးကဦးလေးသမီးကိုသူ မချစ်မနှစ်သက်တဲ့သူနဲ့ပေါင်းစေချင်နေတာလား"
"ဒါမယ့်ငါမိန်းကလေးတစ်ယောက်နဲ့တော့မပေးစားနိုင်ဘူး"
"ရပါတယ် မပေးစားလည်းရပါတယ် ဒါမယ့် သူမချစ်နဲ့သူနဲ့တော့အတင်းမပေးစားပါနဲ့ ဦးလေးလည်း ရန်သူမျိုးငါးပါးကိုသိမှာပါ အဲ့ထဲကတစ်ပါးနဲ့တော့ ကိုယ့်သမီးကို အတူမထားဘူးလို့တော့မျှော်လင့်ပါတယ် "
"မင်းပြောချင်တာဒါပဲမလား ပြန်လို့ရပြီ"ဦးသွင်မင်းမာထန်စွာနဲ့မျက်နှာကိုမကြည့်ပဲပြောလိုက်သည်
စွဲညှို့လည်း
"ဟုတ်ကဲ့ပါ နောက်ဆုံးစကားတော့ထပ်ပြောပါရစေ သွင်တစ်ခေတ်ကို စွဲညှို့ရှင်ဆိုတဲ့မိန်းမဟာသေသည်အထိအောင်စောင့်ဆိုင်းနေမှာမို့ ဦးလေးဘလိုပဲပြောပြော ညှို့ဘက်ကနောက်ဆုတ်မှာမဟုတ်ဘူးဆိုတာ သိထားပေးပါ ခွင့်ပြုပါဦး"ခေါင်းလေးငုံ့ကာဦးညွှတ်ပြီးထွက်သွားတော့သည်
ဦးသွင်မင်းဒေါသသံတရှူးရှူးနှင့်ကျန်ခဲ့ရပြီး ဒေါသထွက်စွာလှမ်းပြောလိုက်သည်က
"ငါ့သမီးကိုဘယ်တော့မှမင်းနဲ့သဘောမတူဘူး"
YOU ARE READING
မေတ္တာ 'လွန်' (Editing)
Teen Fiction'ချစ်ခြင်းမေတ္တာဆိုသည်မှာ ၁၅၀၀အချစ်သာ မဟုတ် ၅၂၈အချစ်လည်း ဖြစ်၏။ ၅၂၈ချစ်ခြင်းနှင့် ၁၅၀၀ ချစ်ခြင်းတို့ အားပြိုင်ကြတဲ့အခါ မေတ္တာ လွန်ဆွဲခြင်း ဖြစ်ပေါ်လာ၏။ တခါတရံ ရွေးချယ်သူတို့အဖို့ အလွန်ခက်ခဲလှသဖြင့် ကြိုးဆွဲသူတို့အပေါ်၌သာ မူတည်လာတတ်၏ သင့်အနေနဲ့တစ်စု...