1

5K 258 26
                                    

Unicode

လက်ထပ်ပွဲ

ဟုတ်တယ် ဒီနေ့က ရိပေါ်ရဲ့ လက်ထပ်ပွဲ

လက်ထပ်ပွဲဆိုတာနဲ့ သတို့သား၊ သတို့သမီး ပျော်ပျော်ရွှင်ရွှင် ကြည်ကြည်နူးနူး၊ နှစ်ဖက်မိဘ သိုက်သိုက်၀န်း၀န်းနဲ့ ပွဲလာပရိတ်သတ်အပေါင်းရဲ့ ကောင်းချီးပေးခြင်း အဖြာဖြာကို လက်ခံပြီး ပျော်ရွှင်ရတဲ့ ပွဲလို့ မင်းတို့ ထင်ကြတယ်မလား။

ဒါပေမဲ့ ရိပေါ်အတွက် မင်္ဂလာပွဲဆိုတာ
တစ်ခါမှ မမြင်ဖူးတဲ့သူ... မဟုတ်ဘူး...
လောကမှာ တကယ်ရှိလား၊မရှိလားကိုတောင် သေချာမသိတဲ့ သူနဲ့ လက်ထပ်ရမှာ။

ဟုတ်တယ် ရိပေါ်က လူခြောက်နဲ့ လက်ထပ်ရမှာ။
အဟက် .. ဘယ်လိုလဲ အံ့ဩသွားလား။

"သား ၀မ်လေး... အဆင်သင့်ဖြစ်ရင် ပွဲထဲ၀င်ရအောင်။ သားရှောင်းကတော့ အဆင်သင့်ဖြစ်နေပြီ"

"ဟုတ်ကဲ့ပါ .. ရှောင်းမား"

ရိပေါ် လူပိနေအောင် ၀တ်ထားရတဲ့ သတို့သား၀တ်စုံ နီနီရဲရဲကို မနိုင်တနိုင် မပြီး ထတော့ ဘေးက အကူတစ်ယောက်က ကူညီပေးတယ်။

နီနီရဲရဲ အပြင်အဆင်တွေနဲ့ ခမ်းနားတဲ့ ခန်းမဆောင်ထဲ ခြေချလိုက်တာနဲ့ ဗျက်စောင်းသံနဲ့ ပုလွေသံဟာ စည်းချက်သံ ညီညီ ပျံ့လွင့်လာတယ်။

သစ္စာကျမ်းကျိန်ရမဲ့ နေရာမှာတော့ ပုလ္လင်တစ်ခုရှိတယ်။ အဲ့ပုလ္လင်ပေါ်မှာ ရိပေါ်နဲ့ဆင်တူ သတို့သား၀တ်စုံ တစ်စုံကိုတင်ထားတယ်။ အဲ့၀တ်စုံအောက်မှာ တစ်စုံတစ်ခုကရှိနေတယ်။
အဲ့တစ်စုံတစ်ခုက ရိပေါ်ရဲ့ အမျိုးသားဖြစ်လာမဲ့ ရှောင်းရှောင်းကျန့်....

ရိပေါ်  မဲ့ပြုံးတစ်ချက်ပြုံးလိုက်မိတယ်။
မျက်နှာပေါ် ပုဝါစ ဖုံးထားလို့ သူ့မဲ့ပြုံးကို ဘယ်သူမှ မမြင်လိုက်ဘူး။
သူဘာတွေလုပ်နေမိလဲမသိသလို၊ လောကမှာ မရှိတဲ့သူကို အရှိလုပ်ပြီး ကိန်းခန်းတွေချဲ့နေ‌တဲ့ ရှောင်းအိမ်တော်ကိုလည်း အံ့ဩတယ်။

ပိုက်ဆံရှိတဲ့သူတွေက အဲ့လိုပဲ ရူးသွပ်ကြလား...
ဒါဆို ရိပေါ်ကရော ဘာလို့ လိုက်ရူးသွပ်တာလဲ။
ရိပေါ်က ပိုက်ဆံလိုချင်လို့..
အဲ့တော့ ရိပေါ်လဲ အရူးတစ်ယောက်ပါပဲ။

샤오의 별이 - Xiao's Star (Reupload-completed)Where stories live. Discover now