အခန်း (၁)

2.3K 84 10
                                    

Unicode

(ဖြစ်ရပ်မှန် အကြောင်းအရာတချို့အား ထည့်သွင်းရေးသားထားပါသည်။)

ရွက်ဝါလေးတွေကြွေလို့ အအေးဓာတ်တွေလည်း ပျောက်လုပြီ။ ယခုက ရွက်နုလေးများခေါ်ဆောင်လာသည့် လေ အနွေးဓာတ်လေးတွေပါဝင်တော့မည့် နွေဦးရာသီ...။

ခြံဝန်းထဲက ပန်းပင်​လေးများ ရေလောင်းရင်း ဟိုဟိုသည်သည်အတွေးတို့ဖြန့်ကျက်မိတော့ လွန်လေခဲ့သော အတိတ်နေ့ရက်တွေဆီ အတွေးတချို့က ပြန်လည်ရောက်ရှိသည်။

အဲ့ဒီနေ့၊ အဲ့ဒီအချိန်တုန်းကလည်း ကျွန်တော် သည်နေရာလေးမှာပဲ ပန်းပင်တွေရေလောင်းနေခဲ့တာ...။

အဲ့ဒီနေ့...
အင်း...မှတ်မှတ်ရရကို နေသာပြီးသာယာတဲ့ရက်လေးရယ်ပေါ့...။

အဲ့ဒီအချိန်...
အင်း...နားစွဲတန်းလန်း ၊ စက်ဘီးတစ်စီး ၊ စီးကရက်တစ်လိပ်နဲ့ ဂျစ်ကန်ကန်ကောင်လေး...။
သူနဲ့ကျွန်တော် ပထမဆုံးတွေ့ဆုံခဲ့ရချိန်ရယ်ပေါ့။

ပြီးခဲ့တဲ့အကြောင်းအရာတွေဆီ အတွေးရောက်တိုင်း မြင်ယောင်မိတဲ့ သူ့အပြုံးတွေ။

မျက်မြင်ကိုယ်တွေ့ မမြင်ရတော့သည်တိုင် နှလုံးသားထဲထိ နွေးထွေးစေတုန်း...။

သူဟာ ကျွန်တော့်ကိုလေ နှစ်ပေါင်းများစွာ ကြာသည်တိုင်ထိ ခံစားမှုအမျိုးမျိုးပေးနိုင်လေတာ။

နှင်းဆီဖြူ လေးတွေ ပွင့်နေတာမှ အပင်တိုင်းမှာ ဝေဝေဆာဆာ။ ဒီအပင်လေးတွေတောင် ရာသီအကူးအပြောင်း အတော်များများ ကျွန်တော်နဲ့အတူရှိပေးကြတာ။ ဒါတွေကို ပေးခဲ့သူကတော့ ထိုပန်းလေးတွေနဲ့ ကျွန်တော့်အားအဖော်ပြုစေသလား။ နှစ်သိမ့်ခဲ့လေသလား...။

မပြောတတ်၊မတွေးတတ်၊ ထိုလူ့စိတ်ကို မဖတ်တတ်၊မဟုတ်ဘူး မဖတ်ရဲခဲ့တာ...။

ဖြန်းလက်စ ရေပိုက်ကို ပစ်ချလို့ တစ်ထပ်တိုက်အိမ်လေးထဲ ပြေးဝင်မိပြန်သည့် နေ့တစ်နေ့ ဖြစ်စေခဲ့ပြန်သည်။

အခန်းထဲပြေးဝင်မိခဲ့ပြန်သည့် သည်တစ်နေ့မှာလည်း ကျွန်တော့် စာရေးစားပွဲပေါ်က ဓာတ်ပုံလေးဆီပဲ ရောက်ရှိခဲ့ပြန်လေတာ...။

𝕆𝕝𝕕 𝕊𝕥𝕠𝕣𝕪 [Completed]Where stories live. Discover now