Unicode
ထွေထွေထူးထူးပြောင်းလဲသွားခြင်းမရှိတဲ့ ဆက်ဆံရေးမှာ အမည်တပ်စရာ ခေါင်းစဥ်လေးတစ်ခုတော့ရှိလာခဲ့သည်။
ဂျွန်ဂျောင်ဂုဟာ ကျွန်တော့်ရဲ့ဆိုင်သူဖြစ်လာခဲ့သည် ဆိုသော အသိစိတ်နှင့်နှိုးထရသော မနက်ခင်းတိုင်းမှာ ကြည်နူးပျော်ရွှင်မိသည်။
ထိုပျော်ရွှင်မှုအတိုင်းအတာဟာ မည်မျှရှည်လျားနိုင်မည်လဲ...။ကျွန်တော်မသိ။မတွေးပဲသာ နေချင်သည်။
ရလာတဲ့အခွင့်အရေးလေးကို ဆုပ်ကိုင်ပြီးသူ့အနားမှာ နေခွင့်ရှိသလောက် ကျွန်တော်နေပါမည်။
''ယိုတစ်ဘူးလုံးစားတော့မလို့လား''
အတွေးလွန်နေသည်မှာ မည်မျှကြာနေပြီမသိ ကျွန်တော်လက်ထဲက ပေါင်မုန့်မီးကင်အပေါ်မှာ ယိုတစ်ဘူးစာလောက်က နေရာယူနှင့် နေလေပြီ။
''အတွေးလွန်သွားတာ''
ကပျာကယာ ယိုတွေဘူးတွေပြန်ထည့်ရသည်။
အခုထပ်ထိ ကျွန်တော့်ကိုအကဲခတ်နေပုံ ရမှန်းသိသော်လည်း တွေးတောနေသည့်ကိစ္စကိုမသိစေချင်သည်မို့ မသိချင်ဟန်သာဆောင်ရင်း ပေါင်မုန့်အသစ်တစ်ချပ် ထပ်ယူရသည်။
''လုပ်ပေးမယ်''
လက်ထဲကပေါင်မုန့်ကိုဆွဲယူသွားရင်း ထောပတ်ကိုအောက်ခံကာ စတော်ဘယ်ရီယိုပါသည်ဆိုရုံမျှသာ သုတ်ထားသည့် ပေါင်မုန့်နှစ်ချပ်ကို ကပ်ပေးသည်။
အချိုကြိုက်သည့်ကျွန်တော့်အတွက်တော့ ထိုအရသာဟာ ပေါ့ပျက်ပျက်နိုင်လွန်းသည်။
ယိုဘူးဆီလက်လှမ်းသည့်အခါ
''အချိုတွေအရမ်းမစားနဲ့...လုပ်ပေးထားနဲ့အတိုင်းပဲစား အဲ့ဒါကျန်းမာရေးနဲ့ညီညွတ်တယ်''
စောဒကလည်းမတက်မိ လက်လှမ်းထားသည်ကိုလည်း ပြန်ရုတ်ကာ သူလုပ်ပေးသည့်ထိုပေါင်မုန့်ကိုသာ စားဖြစ်လိုက်သည်။
ထိုမှစ၍ ကျွန်တော့်အကျင့်ဟာ သူ့ဖန်တီးမှုများစွာကြားမှာ ပြောင်းလဲမှန်းမသိတစတစပြောင်းလဲခဲ့ပါ၏ ။
ပေါင်မုန့်ယိုသုတ်လေးမှစကာ ကြက်ဥအနှစ်မကြိုက်သည့် ကျွန်တော်ကသူ့ကြောင့်စားဖြစ်ရင်း ထိုကြက်ဥအနှစ်ကို သီးသန့်တောင်စားဖြစ်ခဲ့တာမျိုး...။
YOU ARE READING
𝕆𝕝𝕕 𝕊𝕥𝕠𝕣𝕪 [Completed]
Fanfictionဝေးကွာသွားလည်း ပျောက်ပျက်မသွားတဲ့ ချစ်မေတ္တာတွေ... ကျွန်တော် မောင့်ကို အဲ့သည်လောက်ကို ချစ်တာတဲ့လေ...။ မတ်လ(၁၄)ရက် ၊ (၂၀၂၃ ) ခုနှစ်။ အင်္ဂါနေ့ ည(၁၀)နာရီ ၊ (၃၀)မိနစ် တွင် စတင်ခဲ့ပြီး ဒီဇင်ဘာလ ( ၁၀ )ရက် ၊ ( ၂၀၂၃) ခုနှစ်။ တနင်္ဂနွေနေ့ ည ( ၈ ) နာရီ ၊ (...