အခန်း (၁၁)

616 50 13
                                    

Unicode

သည်စာအုပ်ကလေးမှာ မောင့်အငွေ့အသက်တွေ အများကြီးရှိတယ်။

စ,မြင်ရသည့် စာမျက်နှာမှာ ရေးထိုးထားသည့် စာသားလေးကြောင့် နှလုံးသားလေးဟာသိမ့်ကနဲ ခံစားလိုက်ရပါ၏ ။

ခပ်ကြီးကြီးကလေးနှင့် ထင်ရှားအောင် ရေးသားထားသည့် ထိုစာလေးက
'ယောင်းရဲ့ထာဝရအပိုင်ဟာ မောင်ပါပဲ'
တဲ့လေ ။

ဘယ်ဘက်ပါးပေါ် စီးကျသွားသည့် မျက်ရည်စီးကြောင်းကိုလည်း ပြန်မသုတ်ဖယ်ဖြစ်ခဲ့ပါ။

လက်တွေ့မှာ မပိုင်ရရင်တောင် ငါဟာမောင့်ကို သည်စာအုပ်ထဲတွင်တော့ အပိုင်ရနေခဲ့သည်တဲ့။

ပထမဆုံးစာမျက်နှာကို အချိန်အကြာကြီး ငေးကြည့်လို့ဝကာမှ နောက်တစ်မျက်နှာကို ကြည့်ဖို့အားယူရသည်။

ထပ်မံမြင်တွေ့ရသည်က ခဲပန်းချီလေး တစ်ခု။

တာကျိုးသလိုစီးကျလာခဲ့သည့် မျက်ရည်စတွေရဲ့ အကြောင်းပြချက်က
ဝမ်းသာမိလို့ ပျော်ရွှင်ရလို့ ဖြစ်ကြောင်း မောင့်ကိုသိစေချင်ပါရဲ့။

ထိုခဲပန်းချီလေးက ပန်းပင်များရေလောင်းနေသည့် ကျွန်တော့်ရဲ့ဘေးတစ်စောင်း ပုံရိပ်လေးပါပင်။

နေ့စွဲကလေးအရ ဒါဟာ ကျွန်တော်တို့ ပထမဆုံး တွေ့ဆုံချိန် မောင်ကျွန်တော့်ကို စကားစပြောခဲ့သည့် အချိန်က ဖြစ်လိမ့်မည်။

''မောင်ရယ်...''

ကျွန်တော့်က မောင့်အတွက် ဒီလိုဖြစ်တည်မှုလေး ဖြစ်ခဲ့တာပေါ့လေ။

ခဲပန်းချီလေးဟာ ထိုနေ့ရက်တွေထဲ ပြန်လည်ရောက်ရှိသွားစေသည်အထိကို သက်ဝင်လှပလွန်းပါရဲ့...။

နောက်စာမျက်နှာမှာတော့ ကြက်ကြော်ပို့ဆောင်ရန် စက်ဘီးပေါ်မတက်ခင် ပုံရိပ်ကလေးနှင့်အတူ စာတိုကလေးတစ်ခု...။

''အိမ်နီးချင်းက လုံးဝကို အလုပ်သရဲပဲ'' တဲ့လေ။

ထိုစာတိုလေးဖတ်ရင်း မျက်ရည်တွေကြားပြုံးလိုက်မိပါသေးသည်။

ဒီနာမ်စားကလေးကို မောင်က အဲ့ချိန်ထဲက သုံးခဲ့တာပေါ့လေ။

မရင်းနှီးခင်တုန်းက အ​ခြေအနေတွေအားလုံးကို မောင်က စာတိုကလေးတွေနှင့်တမျိုး ခဲပန်းချီလေးနှင့် တမျိုး လှပစွာ ရေးသားပုံဖော်ထားသည်။

𝕆𝕝𝕕 𝕊𝕥𝕠𝕣𝕪 [Completed]Where stories live. Discover now