အခန်း (၂)

723 50 32
                                    

Unicode

ငယ်စဥ်ကတည်းက အမေနဲ့အတူနေထိုင်ရင်း အချက်အပြုတ်နှင့် အခြားတတ်သင့်တတ်ထိုက်သည်များပါ တတ်မြောက်နေခဲ့ပြီးသားမို့ ကျွန်တော်တစ်ယောက်ထဲ နေရလည်း အခက်အခဲမရှိခဲ့ပါ။

သို့ပေမယ့် ပိုင်ဆိုင်ရာဟာ ဒီအိမ်တစ်လုံးအပြင်မရှိသည်မို့ စားစရိတ်နှင့်ကျောင်းစရိတ်အတွက်တော့ ယခုကျောင်းပိတ်သည့် ကာလမှာ အလုပ်လုပ်ထားမှ တော်ကာကျပေမည်။

ရပ်ကွက်ထိပ်က ကော်ဖီဆိုင်လေးမှာ ကံကောင်းထောက်မစွာ အလုပ်ရခဲ့ပြီး တွဲလျက်ဖြစ်သည့် တစ်ဖက်ကြက်ကြော်ဆိုင်လေးတွင်ပါ အချိန်ပိုင်းအလုပ်ရခဲ့လေသည်။

မနက်ခင်းကနေ နေ့လည်အထိ ကော်ဖီဆိုင်မှာ စားပွဲထိုးဝင်လုပ်ရသည်။ထိုကရသည့်ငွေဖြင့် စားစရိတ်ရမည်။

''ကြိုဆိုပါတယ်ခင်ဗျ...''

ဆိုင်ထဲဝင်လာသည့် လူတစ်စုအား တရိုတသေကြိုဆိုရင်း အမှာစာလက်ခံရန် ထိုသူတို့နောက် တစ်ခါထဲလိုက်ရသည်။

''လတ်တေးသုံးခွက်၊ ဘလက်ကော်ဖီနှစ်ခွက် ၊ ဟေ့ရောင် မင်းဘာသောက်မှာလဲ။''

''ဂန္ဓာမာပန်းလက်ဖက်ရည်''

အမေကြိုက်သည့် လက်ဖက်ရည်နာမည်ကို ကြားလိုက်ရသည်မို့ မော့ကြည့်မိသည့်အခါ အရှေ့အိမ်က ကောင်လေးကို တွေ့ရသည်။

ဂျစ်ကန်ကန်သူ့ပုံစံနှင့် မလိုက်ဖက်သည်က သူ့အကြိုက်ဖြစ်ပုံရသည်။

အကြိုက်နည်းသည်မို့ မရောင်းချသည်ကြောင့် ဆိုင်မှာ ဂန္ဓာပန်းလက်ဖက်ရည်မရှိပါ။

''ဟေ့ရောင်...ဒါမင်းအိမ်မဟုတ်ဘူးနော်''

''ဆောရီး...မမှာတော့ဘူး''

သူ့သူငယ်ချင်းများကို မမှာတော့ကြောင်း ပြောပြီး ဖုန်းသုံးရန်ပြင်ပြီးမှ ကျွန်တော့်ကိုတွေ့သွားပုံရသည်။

''ညီလေး ခုနအတိုင်းပဲနော်''

''ဟုတ်ကဲ့''

အမှာစာလက်ခံပြီး လှမ်းဆွဲခံလိုက်ရသည့် လက်ပေါ်ကအထိအတွေ့...။

ခပ်ဖွဖွဆိုသော်လည်း ရုတ်တရက်မို့ လန့်သွားမိသည်လားမသိ နှလုံးခုန်သံပါ မူမမှန်ချင်တော့ပေ။

𝕆𝕝𝕕 𝕊𝕥𝕠𝕣𝕪 [Completed]Where stories live. Discover now