Unicode
'နောက်တစ်ခါ ငါ့အတွက်ပိုထည့်ခဲ့' ဟုသည့်စကားအား အမှတ်ရသူဟာ ထည့်ရမည့်ကျွန်တော်သာဖြစ်ပြီး မှာခဲ့သူဂျောင်ဂုကတော့ သတိမရခဲ့ပါ။
တစ်ပတ်လုံးလုံး မိမိအရှေ့ပေါ်မလာသူဟာ သူ့သူငယ်ချင်းများတရုံးရုံးဖြင့်တော့ နေရာအမျိုးမျိုးမှာ ပေါ်လာတတ်၏
ညဘက်စက်ဘီးနှစ်ခါမျှပတ်စီးရုံ ၊ ထမင်းတစ်ခါလောက် အတူတူစားဖြစ်ရုံနဲ့ ရင်းနှီးတဲ့သူလို့ သူသတ်မှတ်ပါရဲ့လား။
ဒီနေ့လည်း ပိုထည့်လာသည့် ထမင်းဘူးနှင့် ကျောင်းအနောက်ဘက်က ခုံမှာတစ်ယောက်ထဲ ထိုင်ကာ အချိန်ကုန်ရပြန်၏
ကျောင်းဆင်းချိန် မိမိဘေးမှဖြတ်သွားပြီး တိုက်မိခဲ့သည့်တိုင် မသိဟန်ပြု၍ ဂျွန်ဂျောင်ဂုဟာ ထွက်သွားပြန်သည်။
နားလည်ရခက်လွန်းသည့် လူအား ခပ်ကြာကြာငေးကြည့်မိပါသည်။ အချိန်တိုင်းသူ့ဘက်ကသာ စခေါ် ရသည် ဆိုပေမယ့် ကျွန်တော့်ဘက်ကမသိကျေးကျွံတစ်ကြိမ်တစ်ခါမျှ မပြုခဲ့ဖူးလေပါ။
ကျွန်တော်က သိပ်အတွေးများတဲ့လူမဟုတ်ပါဘူး ။ဒါပေမယ့် ကိုယ့်ဘက်ကစ၍ စကားစပြောဖို့ရာမှာတော့ အမြဲခက်ခဲနေတတ်သည့်အတွေးလွန်သည့် လူတစ်ယောက်ပါပင်။
အချိန်ပိုင်းအလုပ်များ လုပ်ကိုင်ရင်းတွေးမိသည်က သူ့အကြောင်းများသာ...။ တကယ်ဆို ကျွန်တော်ကိုယ်တိုင်က သူငယ်ချင်းမဖြစ်ချင်ဘူးဟု ပြောခဲ့သည့်သူမဟုတ်ပါလား။ ဒီတော့ သူ့ဘက်ကလည်း သူငယ်ချင်းဟုမသတ်မှတ်ထားပုံပေါ်ပါသည်။
ယခင်ရက်များနှင့်မတူသည်က အချိန်ချိန်းမည့်ဦးလေးကြီးဟာ ရောက်မလာနိုင်တော့ကြောင်းဖုန်းဆက်လာသည်မို့ ကျွန်တော် တစ်ညလုံးဒီမှာပဲ အချိန်ကုန်ရပေမည်။
သက်တမ်းကုန်ခါနီး ထုတ်ကုန်များအားဖယ်ရင်း ငှက်ပျောသီးဖျော်ရည်ဘူးလေးဆီအကြည့်ရောက်မိပြန်တော့ ကျန်ခဲ့သည့်ရက်က ထိုအအေးဘူးသောက်ခဲ့သူကို သတိရမိပြန်သည်။
''ခက်ရန်ကော ကင်မ်ထယ်ယောင်းရယ်''
တစ်ယောက်ထဲကြားရုံရေရွတ်ရင်း သက်ပြင်းသဲ့သဲ့ချမိပြန်သည်။
YOU ARE READING
𝕆𝕝𝕕 𝕊𝕥𝕠𝕣𝕪 [Completed]
Fiksi Penggemarဝေးကွာသွားလည်း ပျောက်ပျက်မသွားတဲ့ ချစ်မေတ္တာတွေ... ကျွန်တော် မောင့်ကို အဲ့သည်လောက်ကို ချစ်တာတဲ့လေ...။ မတ်လ(၁၄)ရက် ၊ (၂၀၂၃ ) ခုနှစ်။ အင်္ဂါနေ့ ည(၁၀)နာရီ ၊ (၃၀)မိနစ် တွင် စတင်ခဲ့ပြီး ဒီဇင်ဘာလ ( ၁၀ )ရက် ၊ ( ၂၀၂၃) ခုနှစ်။ တနင်္ဂနွေနေ့ ည ( ၈ ) နာရီ ၊ (...