Unicode
မနက်အစောဖြစ်သော်လည်း အရင်ကအအိပ်မက်လွန်းသည့်မောင် အနားမရှိသည်မို့ လူကပြာသွားမိသည်။
မနေ့ကအိပ်မက်လား...။
မောင် များပြန်ထွက်သွားလေးသလား...။
ထိုကဲ့သို့သော စိုးရိမ်စိတ်များဟာ စိတ်ဒဏ်ရာလို ကပ်တွယ်နေ၏ ။ကမန်းကတမ်းထကာ ရှာဖွေကြည့်တော့ မိီးဖိုခန်း၌လည်းမတွေ့ ၊စာကြည့်ခန်းတွင်လည်းမတွေ့။
ထို့နောက် ဧည့်ခန်းဘက်ထွက်လာချိန်မှာတော့ မြေဆွသံနှင့် သံတူရွင်းချသံကို ကြားလိုက်ရသည်။
မြင်လိုက်ရသည်ကတော့ ပန်းမျိုးစေ့အထုတ်တွေနှင့် အိုးများစွာမောင့်ပတ်လည်မှာ ဝိုင်းနေသည်။
''မောင် ဘာတွေလုပ်နေတာလဲ''
မြေသြဇာနှင့် မြေကြီးအချို့ကို ရောနှောရင်းပြန်ဖြေပါသည်။
''နှင်းဆီခင်းကို ပိုကြီးမလို့''
''ကြာရင် ပန်းစိုက်ခင်းနဲ့တူပြီး ပန်းရောင်းတယ်ပါထင်ကုန်ရော့မယ်''
ထိုတော့မှ နောက်ဆုံးစိုက်ရမည့်အပင်ငယ်ကို နေရာချကာ မတ်တပ်ထလာပြီး ပြုံးပြကာ
''နေရာလွတ်လေးပဲ ဖြည့်ရုံပါ။
မောင့်ကိုယုံလိုက်...ပိုလှသွားမှာ''''ဟုတ်ပါပြီ မနက်စောစော ချွေးတွေတောင်စို့နေပြီ နေအုံး တစ်ခုသွားလုပ်ပေးမယ်''
ပြောစကားကိုမစောင့်ပဲ အိမ်ထဲပြေးဝင်သွားသည့် ထယ်ယောင်းကိုကြည့်ကာ ပြုံးလိုက်မိသည်။
''ဒီမှာ မောင်ကြိုက်တဲ့ ဂန္ဓာမာပန်းလက်ဖက်ရည်''
သိပ်မကြာလိုက်ခင်မှာပဲ ဖန်ခွက်လေးကိုင်ကာထွက်လာပြန်၏ ။
ပန်းလက်ဖက်ရည်ထဲမှာတော့ ယောင်းဖျော်တိုက်တဲ့ လက်ဖက်ရည်ကပိုကောင်းသည်။ ယခုလည်း ခပ်အေးအေးလေး ဖြစ်အောင် လုပ်လာပေးပြန်၏။
''အေးအေးလေးဖြစ်အောင်လုပ်လာတာလား''
''အင်း အပူသောက်ရင်ပိုကောင်းတယ် ဆိုပေမယ့် ရာသီကပူတဲ့အပြင် ချွေးပါစို့နေတဲ့ မောင့်ကို အေးအေးလေးသောက်စေချင်လို့''
YOU ARE READING
𝕆𝕝𝕕 𝕊𝕥𝕠𝕣𝕪 [Completed]
Fanfictionဝေးကွာသွားလည်း ပျောက်ပျက်မသွားတဲ့ ချစ်မေတ္တာတွေ... ကျွန်တော် မောင့်ကို အဲ့သည်လောက်ကို ချစ်တာတဲ့လေ...။ မတ်လ(၁၄)ရက် ၊ (၂၀၂၃ ) ခုနှစ်။ အင်္ဂါနေ့ ည(၁၀)နာရီ ၊ (၃၀)မိနစ် တွင် စတင်ခဲ့ပြီး ဒီဇင်ဘာလ ( ၁၀ )ရက် ၊ ( ၂၀၂၃) ခုနှစ်။ တနင်္ဂနွေနေ့ ည ( ၈ ) နာရီ ၊ (...