အခန်း (၁၃)

587 46 20
                                    

Unicode

အိမ်ပြောင်းခါစ မနက်ခင်းတစ်ခုမှာ စောစောထလေ့မရှိသည့် ကျွန်တော်က ထူးထူးခြားခြားကို စောစီးစွာ နိုးထလာခဲ့တယ်။

တစ်ဦးတည်းသီးသန့်နေသည့် အထက်တန်းကျောင်းသားအရွယ်မို့ အမေဖြစ်သူ ခန့်ထားပေးသည့် ထမင်းချက်အဒေါ်ကြီး ပြင်ဆင်ပေးထားသော မနက်စာကို စားသောက်ပြီး အပြင်ရာသီဥတုကို ငေးမိသည့်အခါ သာယာလွန်းသည်။

ဂိုဒေါင်ထဲက စက်ဘီးတစ်စီးကိုထုတ်ကာ ရပ်ကွက်နှင့် ကျောင်းအခြေအနေအား လေ့လာရန် တွေးထားလိုက်သည်။

မိမိအိမ်ရဲ့ မျက်နှာချင်းဆိုင် အိမ်ငယ်လေးမှာ ပန်းပင်များစွာ ဖူးပွင့်နေသည်မို့ တစ်ခဏတော့ ငေးမောမိသွားသည်။

ငေးကြည့်နေရင်းမှ အပင်များအားရေလောင်းရန်ပြင်နေသည့် ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။

ခပ်အုပ်အုပ်လှိုင်းကောက်ဆံနွယ်အောက်က မျက်ဝန်းညိုလေးကို ဘေးတိုက်မြင်လိုက်ရသည်။ အဝါနုရောင်အင်္ကျီလေးနှင့် ထိုကောင်လေးဟာ ကျွန်တော်နဲ့ရွယ်တူဖြစ်နိုင်ကောင်းသောလည်း ကျွန်တော်ထက်ပို၍နုနယ်နေသည့်နှယ်...။

လက်ထဲကဆေးလိပ်ကို တစ်ရှိုက်ဖွာလိုက်ပြီး အိမ်ရှေ့ဘက်ပြန်လှည့်မလာသည့်ကောင်လေးကြောင့်

''ဟေ့...''

ကျွန်တော်တောင်မသိလိုက်ပဲ ထွက်ပေါ်သွားခဲ့သည့်အသံ....။

အံ့သြနေဆဲမှာပဲ စူးစမ်းသလိုကြည့်လာသည့် မျက်ဝန်းတစ်စုံ။ အညိုရောင်မျက်စံတွေဟာ သိပ်လှနေခဲ့သလို ချောမောသည့် အသွင်အပြင်လည်း ရှိနေပြန်သည်။ ကျွန်တော်တစ်ခဏတော့ ငေးကြည့်မိခဲ့ပါသည်။

သတိဝင်လာချိန်မှာတော့ ထိုကောင်လေးဟာ အပင်တွေဆီသာ ရေဆက်လောင်းနေပြန်သည်။ တစ်ခါမှကိုယ့်ဘက်က စမိတ်မဖွဲ့ဖူးသည့် ကျွန်တော်က ထိုကောင်လေးနဲ့တော့ ရင်းနှီးချင်သည်။

ကြံရာမရသည့် အဆုံးမှာတော့

''ငါက ဒီအိမ်ကို ဒီနေ့မှပြောင်းလာတာ ''

ကျွန်တော့်အိမ်ကို လက်ညှိုးထိုးပြတော့ သူကခေါင်းငြိမ့်ပြသည်။ အခုထိတော့ စကားပြန်မပြောသေး ။

𝕆𝕝𝕕 𝕊𝕥𝕠𝕣𝕪 [Completed]Where stories live. Discover now