Unicode
''မတွေ့တာကြာပြီ အစ်မတို့''
အရပ်ပိုရှည်လာပြီး ခန္ဓာကိုယ်ပိုမိုတောင့်ဖြောင့်သွားတာကလွဲရင် မျက်လုံးဝိုင်းဝိုင်းလေးတွေကတော့ အရင်အတိုင်း တောက်တောက်ပပ ရှိနေဆဲပါပဲ။
''ဂျွန်ဂျောင်ဂု?''
ဂျူဂယောင်းက တအံ့တသြကြည့်နေခဲ့ပြီးမှ သတိရသွားဟန်ဖြင့် ထိုင်ခုံရှိရာဘက်ကို လက်ပြရင်း
''ထိုင်ပါအုံး ''
ဂျောင်ဂုလည်း ဂျူဂယောင်းနေရာချပေးသည့် ခုံမှာဝင်ထိုင်တော့ ဆယ်ယွန်းကလည်း မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။
''ကျွန်တော်မေးစရာရှိလို့ပါ ''
''ငါတို့မှာလည်း မေးစရာတွေတစ်ပုံကြီးပဲ''
ဆယ်ယွန်းစကားကိုကြားတော့ ဂျောင်ဂုလည်း သက်ပြင်းတစ်ချက်ချကာ
''မတွေ့ဖြစ်တာအရမ်းကိုကြာခဲ့ပြီ''
ဂျူဂယောင်းကတော့ သိပ်မကြည်တဲ့ပုံစံမျိုးနှင့် ဂျောင်ဂုကိုကြည့်ကာ
''မင်းပုံစံကြည့်ရတာတော့ အဆင်ပြေနေတဲ့ပုံပဲမို့ အဆင်ပြေနေရဲ့လားလို့ မေးမနေတော့ဘူး။ ဘာလို့ အခုမှပြန်ရောက်လာတာလဲ''
''ဟုတ်တယ် အစ်မသိချင်နေတာလည်း အဲ့ဒါပဲ ဘာလို့ဒီလောက်တောင်ကြာသွားရတာလဲ''
ဂျောင်ဂုထပ်မံကာ သက်ပြင်းချလိုက်မိပါ၏
''ကျွန်တော့်အကြောင်းတွေပြောရရင် အချိန်တွေကြာသွားမှာပဲ။ နောက်တော့ ရှင်းပြပါ့မယ်။ အခု ထယ်ယောင်းအကြောင်းတချို့ပဲ မေးပါရစေ''
''ဘာသိချင်လို့လဲ''
''အရင်လိုပဲလား လွတ်လပ်နေသေးရဲ့လား''
နှစ်တွေအကြာကြီးပျောက်သွားသူအပေါ် စွဲလမ်းမနေပဲ သူ့ဘဝလေးနှင့်သူဖြစ်နိုင်ကောင်းရဲ့လို့ ဂျောင်ဂု မတော်တဆတွေးလိုက်မိခြင်းကြောင့် ထိုမေးခွန်းကို ဦးစွာမေးဖြစ်ခဲ့ပါသည်။
''မေးရက်တယ်လို့ပြောရင် ငါတို့ကမင်းကိုလူဆိုးဇာတ်သွင်းရာကျရော့မယ် ဂျွန်ဂျောင်ဂု''
YOU ARE READING
𝕆𝕝𝕕 𝕊𝕥𝕠𝕣𝕪 [Completed]
Fanficဝေးကွာသွားလည်း ပျောက်ပျက်မသွားတဲ့ ချစ်မေတ္တာတွေ... ကျွန်တော် မောင့်ကို အဲ့သည်လောက်ကို ချစ်တာတဲ့လေ...။ မတ်လ(၁၄)ရက် ၊ (၂၀၂၃ ) ခုနှစ်။ အင်္ဂါနေ့ ည(၁၀)နာရီ ၊ (၃၀)မိနစ် တွင် စတင်ခဲ့ပြီး ဒီဇင်ဘာလ ( ၁၀ )ရက် ၊ ( ၂၀၂၃) ခုနှစ်။ တနင်္ဂနွေနေ့ ည ( ၈ ) နာရီ ၊ (...