အခန်း (၆)

546 50 18
                                    

Unicode

''စာမေးပွဲနီးနေပြီ...။အလုပ်ပဲဖိလုပ်မနေနဲ့ အလုပ်သရဲလေးရဲ့''

စာမေးပွဲဖြေဖို့၁၀ရက်ခန့်သာလိုတော့သည်မို့ အလုပ်သွားမည့် ကျွန်တော့်အား ဂျွန်ဂျောင်ဂုတို့နိုးကတည်းက ဘေးကတတွတ်တွတ်လုပ်ကာ မသွားဖို့ ပြောနေ၏။

''ဒီတစ်ပတ်ပါပဲ ။ဒါပြီးရင်ခွင့်ရပြီ''

''ပြောမရမှတော့လည်း လိုက်ပို့ပေးမယ်''

နောက်ဆုံးတော့လည်း တစ်နာရီကျော်လောက်မသွားဖို့တားနေခဲ့သူဟာ အိတ်ကိုဆွဲယူကာ အပြင်ကိုထွက်သွားပြီး စက်ဘီးကိုတောင် ခြံပြင် ထုတ်နေလေပြီ။

''သွားစရာရှိတယ်ဆို''

''အရေးမကြီးပါဘူး ။''

သူ့အတွေးသူ့စိတ်ကူးအတိုင်းသာ လုပ်ချင်ရာလုပ်တတ်သည့် ဂျောင်ဂုဟာ ဒီနေ့လည်း ကျွန်တော့်အနားရှိနေပေအုံးမည်။

''ဂျောင်ဂု...''

''အော''

''စက်ဘီးပေါ်ဘယ်သူ့ကိုတင်နင်းဖူးလဲ''

''မင်းတစ်ယောက်အပြင်မရှိဘူး''

လှုပ်ရှားမှုမြန်ဆန်သွားသည့် နှလုံးသားနှင့်အတူ သဘောတကျပြုံးလိုက်မိသည်။

သဘောတကျချစ်မြတ်နိုးရသည့်သူထံမှ သီးသန့်နေရာပေးမှုတွေဟာလည်း ကျွန်တော်တို့ကို အတိုင်းမသိ ပျော်ရွှင်စေပါ၏ ။

''မင်းရည်းစားတွေကိုရော တင်မနင်းခဲ့ဖူးဘူးလား''

''ဟင့်အင်း''

ကျွန်တော်ဟာ ပထမဆုံးပေါ့ ။
သူ့စိတ်ထဲမှာ ကျွန်တော်ဘယ်နေရာမှာရှိနေလည်းဆိုတာထက် ထိုသို့သော ဖွင့်ဟလာသည့်အပြောလေးတွေနဲ့တင် ကျွန်တော်ဟာ ပျော်ရွှင်မြူးထူးနေမိသည်။

''ဂုန်းဆင်းမှာ သေချာကိုင်ထား''

ကိုယ့်အတွေ့နဲ့ကိုယ်သာယာနေသည့် ကျွန်တော့်ကို သတိပေးလာခဲ့သလို သူ့အင်္ကျီစအား ကိုင်တွယ်ထားသည့် ကျွန်တော့်လက်ချောင်းတွေကို သူ့ခါးတွင်ရစ်ပတ်ဖက်တွယ်စေခဲ့သည်။

နီးကပ်သွားသည့်ကျောပြင်ဟာ နွေးထွေးလွန်းလှသည်။

ဂုန်းဆင်းအချိန်ကိုအခွင့်ကောင်းယူကာ ကျွန်တော့်ဟာ သူ့ကိုတင်းကြပ်စွာ ပွေ့ဖက်ရင်း ပြုံးရယ်နေမိသည်ကိုတော့ ဂျွန်ဂျောင်ဂုသိမယ် မထင်ပါ။

𝕆𝕝𝕕 𝕊𝕥𝕠𝕣𝕪 [Completed]Where stories live. Discover now