အခန်း (၉)

542 55 31
                                    

Unicode

ညဥ့်နက်ချိန်မှ ပြန်ဝင်လာသည့် မောင်က မျက်နှာလုံးဝမကောင်းခဲ့ပါ။

ဘယ်သူဘယ်ဝါ မေးကြည့်ချင်ခဲ့သည့်စိတ်ဟာ မောင့်မျက်ဝန်းမှာ တွဲခိုနေသည့် မျက်ရည်ဥတွေကြောင့် မေးဖို့မတွေးဖြစ်ခဲ့တော့ပါ။

''အဆင်ပြေရဲ့လား''

''ပြေပါတယ် ။ နားတော့လေ ''

အဆင်မပြေမှန်းသိနေသော်လည်း ပြောပြချင်ပုံမရသည်မို့ ကျွန်တော် မောင့်ကိုတစ်ယောက်ထဲ လွှတ်ထားပေးခဲ့ပါသည်။

ထိုနေ့ညက ကျွန်တော်လည်းအိပ်မပျော်ခဲ့သလို မောင်လည်းအိပ်ပျော်ပုံမရ။ သို့သော် စကားတစ်ခွန်းမှမပြောမိကြပဲ အိပ်ရာတစ်ခုထဲပေါ် ကျောခိုင်းရင်းသာ နေခဲ့ကြ၏ ။

မောင်နှင့်အတူ အိပ်ခဲ့ဖူးသည့် ညတွေထဲ ဒီညဟာ အအေးစက်ဆုံး ဖြစ်နေခဲ့ပါသည်။

.

''ယောင်း...ထတော့ ''

ကြည်သာနေသည့်မျက်နှာဖြင့် ပြုံးကာကြည့်နေသည့် မောင်။

ညကမျက်နှာနှင့်ကွဲလွဲနေသည့် မောင့်မျက်ဝန်းတွေထဲ တကယ်အဆင်ပြေရဲ့လား ရှာကြည့်သော်လည်း မောင်ကတကယ့်ကို အဆင်ပြေနေသည့်ဟန်။

''​ကြောင် ကြည့်မနေနဲ့  camping ထွက်လို့ရတဲ့နေရာရှိတယ်တဲ့ အဲ့ကိုသွားကြမယ်''

''O worldဆို ''

''အဲ့ဒီထက်ပိုလှမယ့်နေရာကိုခေါ်သွားမယ်''

''ကောင်းပါပြီ''

ရေချိုးအဝတ်စားလဲပြီးနောက်တော့ အဆောင်ပြင်ကို အတူထွက်ခဲ့ကြသည်။

အသင့်စောင့်နေသည့်ကားက အငှားယာဥ်တွေနဲ့မတူ ကောင်းလွန်းနေသည်။

''ဦးလေးကြီး နေ့လည်မတိုင်ခင်ရောက်အောင် မောင်းပေးနော်''

ဂျောင်ဂုမှာသည့်အတိုင်း မောင်းသူဦးလေးကြီးက အရှိန်အရမ်းမပြင်းသော်လည်း ခပ်မြန်မြန်မောင်းထွက်ပေးသည်။

''အိပ်ချင်အိပ်လေ နည်းနည်းဝေးတယ်''

မနေ့ညကအကြောင်းကိုမေးမြန်းရင်လည်း မောင်ဟာဖြေမယ်မထင်။

𝕆𝕝𝕕 𝕊𝕥𝕠𝕣𝕪 [Completed]Where stories live. Discover now