အခန်း (၁၀)

605 47 41
                                    

Unicode

ပုံမှန်အတိုင်းလည်ပတ်နေသည့် အချိန်တွေအတွင်း အလုပ်ကတော့ လုပ်နေရဆဲပေါ့လေ။

ကျွန်တော့်မှာလည်း နေ့စဥ်လည်ပတ်နိုင်ဖို့ ကြိုးစားရဆဲပေါ့။

''ထယ်ယောင်း...​''

ပန်းများအစီအရီထည့်ပေးနေရင်း အရှေ့မှခေါ်သံကြားနေသည်မို့ ဆိုင်အရှေ့ကိုထွက်ရသည်။

''ဟုတ် အစ်မဂျူဂယောင်း''

''အစ်မတို့ မနက်ဖြန်မင်္ဂလာပွဲတစ်ခုအတွက် ပန်းတွေပြင်ဆင်ထားရမှာရှိတယ် ''

''ဟုတ်''

''အဲ့ဒါ အစ်မဒီမှာစာရင်းရေးထားပေးတယ် ။ထယ်ယောင်းက ဝယ်သူထပ်လာရင်ဒီပန်းတွေမနက်ဖြန်အတွက်မရတော့ကြောင်း ပြောပေး။နောက်ပြီး အလှဆင်မယ့်သူတွေက အစ်မတို့ကိုခမ်းမထိလာပို့ခိုင်းထားတယ်။ အဲ့ဒါ ထယ်ယောင်းနဲ့အစ်မသွားရမယ်''

''ဟုတ် ရပါတယ်''

''မနက်ဖြန် စောလာခဲ့ရမယ် ။အဆင်ပြေလား''

ကျွန်တော့်၏ မနက်ခင်းအချိန်ပိုင်းဖြစ်သည့်အလုပ်ကြောင့် မေးခြင်းဖြစ်လိမ့်မည်။

''ကျွန်တော်စာအုပ်ဆိုင်ကို တစ်ရက်နားလိုက်ပါ့မယ်''

''ကျေးဇူးပါ ထယ်ယောင်းရယ်''

''ရပါတယ် ''

မင်္ဂလာဆောင်တဲ့...။

ဘာလေးမှမမြင်ရ မကြားရလိုက်နဲ့ ကျွန်တော်ဟာ မောင့်ကိုပဲ ​တွေးမိနေပြီး မင်္ဂလာပွဲဆိုသည့်အကြောင်းအရာအထိတောင် စိတ်ကူးနှင့် ပုံဖော်နေမိသည်။

ကျွန်တော်နဲ့မောင့်မှာရော အဲ့လိုအခြေအနေက ရှိနိုင်ပါအုံးမလား။

ငေးငိုင်သွားသည့် ထယ်ယောင်းကိုကြည့်ရင်း ဂျူဂယောင်းမှာ သက်ပြင်းလေးမသိမသာချမိကာ ခေါင်းယမ်းလိုက်မိသည်။

.

ပွဲစီစဥ်သူဟာ ပန်းကိုအတော်လေးသဘောကျပုံရပါ၏ ။ နှင်းဆီအဖြူတွေကြီးမှာပြီး ခမ်းမတစ်ခုလုံး အဖြူရောင်တွေလွှမ်းထားမည့်ပုံပေါ်ပါသည်။

နှင်းဆီဖြူဆိုပြန်တော့လည်း သတ်ိရမိသူမှာ မောင်တစ်ယောက်သာ။

𝕆𝕝𝕕 𝕊𝕥𝕠𝕣𝕪 [Completed]Where stories live. Discover now