Chapter 24.2

2.3K 423 2
                                    

Unicode

Chapter 24.2-အညစ်အကြေးကျုံးအရာရှိရဲ့ ဟင်းချက်ကျွမ်းကျင်မှု

ဖန်းဟယ်က ပိုပြီးတော့ကောင်းကောင်း'ပြုမူ'လိုက်ပြီး ဘေးမှာဆောင့်ကြောင့်ထိုင်နေကာ အိုးကိုပဲစိုက်ကြည့်နေလိုက်တယ်။

စတူးကျက်သွားတဲ့နောက်မှာတော့  လေထဲမှာပျံ့နေတဲ့ သူ့ရဲ့အနံ့မွှေးမွှေး လေးနဲ့တင် သရေကျနေပြီ။ သူရဲ့ကြောင်မျက်လုံးလေးတွေက သူ့ရဲ့ အညစ်အကြေးကျုံးအရာရှိကိုပဲ မျှော်လင့်တကြီးနဲ့ စိုက်ကြည့်နေခဲ့တယ်။

လီကျန်းက ကြက်သားစွပ်ပြုတ်နဲ့ ကြက်သားထည့်ထားတဲ့ပန်းကန်ငယ်လေးကို ဖန်းဟယ်ရှေ့မှာချပေးလိုက်တဲ့အခါ ဖန်းဟယ်က မြောင်လို့အော်လိုက်ပြီး စစားတော့တယ်။

သူက ဒီလိုမျိုးအရမ်းကောင်းတဲ့ အညစ်အကြေးကျုံးအရာရှိဖြစ်နေတုန်းပဲ~~အာ။ ဖန်းဟယ်က အရမ်းကို လှုပ်လှုပ်ရှားရှားဖြစ်နေတယ်။ လီကျန်းသူ့အတွက်သီးသန့်ပြင်ဆင်ပေးထားတဲ့ အရိုးမပါတဲ့ကြက်သားကိုစားလိုက်ပြီး အရသာရှိတဲ့ကြက်စွပ်ပြုတ်ကို တစ်ငုံလောက်သောက်လိုက်တယ်။ ပြီးတော့ သူ့ရဲ့ ဒီရက် တွေမှာ အလုပ်ကြိုးစားခဲ့ရတာတွေက အချည်းနှီးမဖြစ်ခဲ့ဘူးဆိုပြီး  သက်ပြင်းချလိုက်မိတယ်။
ဝမ်းနည်းစရာတွေပြီးရင် ပျော်စရာတွေလာလိမ့်မယ် အာ!

ဖန်းဟယ်က စားနေရင်းနဲ့ မထိန်းချုပ်နိုင်တော့ဘဲ ကြောင်အော်သံလေးတွေလုပ်မိတော့တယ်။ သူ့ဘေးမှာတော့ လီကျန်းက ပေါ့ပေါ့ပါးပါးထိုင်ချလိုက်ပြီး သူ့(လီကျန်း)ရဲ့လက်နဲ့ သူ့(ဖန်းဟယ်)ခေါင်းကိုပွတ်ပေးလိုက်တယ် ။ ဖန်းဟယ်က စားနေရင်းနဲ့ သူ့ခေါင်းလေးကို မော့လိုက်ပြီး လီကျန်းရဲ့လက်ဖဝါးကို တိုး‌ဝှေ့လိုက်တယ်။

ဖန်းဟယ်စားပြီး‌သွားတဲ့အချိန်မှာ လီကျန်းကဆက်စားနေတုန်းပဲ။ လီကျန်းစားနေတဲ့ဟာတွေကို ဖန်းဟယ်ကြည့်လိုက်တယ်။ ဒီလောက်အများကြီးကို ဘယ်ကရတာလဲဆိုတာ သူအရမ်းသိချင်နေတယ်။

ဖန်းဟယ်က လီကျန်းရဲ့ ဟင်ချက် စကေးနဲ့ ဆွဲဆောင်ခံလိုက်ရပြီး သူ့ရဲ့အမြီးလေးကို အသာအယာယမ်းလိုက်ကာ လီကျန်းကိုကြည့်နေတယ်။

ဇွန်ဘီဘုရင်ရဲ့အိမ်မွေးကြောင် [COMPLETE]✓Where stories live. Discover now