Chapter 91

1.5K 244 1
                                    

Unicode

Chapter 91 - အမြင့်မားဆုံးလုပ်ပိုင်ခွင့်

ဖန်းဟယ် မနေ့ညက အရမ်းပင်ပန်းပြီး အိပ်ပျော်သွားတယ်။ လီကျန်းက ဥက္ကာခဲကို စုပ်ယူပြီးသွားကတည်းက သူ လူလုံးဝမဟုတ်တော့ဘူး ။သူက ဖန်းဟယ်ကို အကြိမ်ကြိမ် မှောက်လိုက်လှန်လိုက်နဲ့ ရှေ့တိုးနောက်ဆုတ် စိတ်ကြိုက်လုပ်နေခဲ့တာ။ လီကျန်း သူ့ကိုတစ်ခုခုစားဖို့ခေါ်တော့ သူ မျက်လုံးတောင်မဖွင့်နိုင်ဘူး။ လီကျန်း သူ့ကိုဆန်ပြုတ်တိုက်ပြီးနောက်မှာ သူအရမ်းအိပ်ချင်လာပြီး အိပ်ပျော်သွားတော့တာပဲ။ အခုက သူ ဗိုက်ဆာလို့ပြန်နိုးလာတာ။ ဖန်းဟယ်က သူ့ခါးကိုဆန့်လိုက်ပြီး ခေါင်းအုံးကိုဖက်လိုက်ပြီးနောက် မျက်လုံးဖွင့်ကြည့်လိုက်တယ်။ လီကျန်းက အိပ်ရာအစွန်းမှာထိုင်နေပြီး လက်ထဲကတစ်ခုခုကို  လှန်ကြည့်နေတာ သူတွေ့လိုက်ရတယ်။

ဖန်းဟယ်လှုပ်လိုက်တာနဲ့ လီကျန်းလှည့်ကြည့်လာတယ် ။ သူက သူ့လက်ထဲကဟာကိုချထားလိုက်ပြီး ဖန်းဟယ်ကို ကြည့်လာတယ်။

"နိုးပြီလား"

ဖန်းဟယ် သူ့ဆံပင်တွေကို ဆွဲဖွလိုက်တယ်။

"ဗိုက်ဆာနေပြီ ခင်ဗျားဘာကြည့်နေတာလဲ"

"အရင်စားလိုက် အဲ့တာကိုပြီးမှပြောကြမယ်"

လီကျန်းက လက်ဆန့်လိုက်ပြီး ဖန်းဟယ်ကို လှမ်းချီလိုက်တယ် ။

ဖန်းဟယ် သန့်ရှင်းရေးလုပ်ပြီး ရေကန်ဆီလျှောက်လာတော့ လီကျန်းက အကုန်တောင်ပြင်ဆင်ပြီးနေပြီ။ ဖန်းဟယ်က ပေါင်းအိုးထဲက သိပ်ကြည့်မလှတဲ့ ပေါက်စီသုံးလုံးကိုကြည့်လိုက်ပြီးနောက် လီကျန်းကို အထူးတဆန်းကြည့်လိုက်တယ်။ သူတို့ရဲ့ နေရာလွတ်ထဲမှာ ဒါမရှိပါဘူး။ လီကျန်း သူ့ဟာသူလုပ်ထားတာလား။

လီကျန်းက ပြောင်းဖူးဆန်ပြုတ်တစ်ခွက် ဖန်းဟယ်ကို ကမ်းပေးလိုက်တယ်။

"ဒါကိုအရင်သောက်လိုက်ပြီးမှ ပေါက်စီစား"

ဖန်းဟယ်က ကြွေခွတ်အသေးလေးကိုကြည့်လိုက်ပြီး တစ်လုတ်ထဲနဲ့ တစ်ဝက်ကျော်လောက် မော့ချလိုက်ပြီးမှ တူကိုကောက်ကိုင်ပြီး စစားတော့တယ်။

ဇွန်ဘီဘုရင်ရဲ့အိမ်မွေးကြောင် [COMPLETE]✓Where stories live. Discover now