Chapter 17.2

2.8K 476 13
                                    

Unicode

Chapter 17.2 ငါးစားချင်တယ်

ရေကန်ထဲမှာ လှေငယ်တစ်စင်းရှိပေမယ့်လည်း ပြဿနာက သူကကြောင်တစ်ကောင်ဖြစ်လို့ လှေကိုမလှော်နိုင်ဘူး။ ပိုက်ကွန်ချဖို့တော့ ပြောမနေနဲ့တော့။ လီကျန်းကို ဒါလုပ်ခွင့်ပေးလိုက်မယ်။ ဖန်းဟယ်က ခေါင်းမော့လိုက်ပြီး လီကျန်းရဲ့ မေးစေ့ကို ကြည့်လိုက်တယ်။ ဒီလူက ရေကို အမူအရာကင်းမဲ့စွာ ကြည့်နေပြီး ဘာမှလုပ်ဖို့ စိတ်မ၀င်စားတာသိသာတယ်။

လူတစ်​​ယောက်​နဲ့ ​ကြောင်တစ်ကောင်က ​ရေကန်​ကို ကြက်သေ ,သေသေပြီး ကြည့်နေကြတယ်။ သူတို့ရဲ့ကျောကုန်းကနေ ကြည့်ရတာတောင် စိတ်ဓာတ်ကျနေတဲ့ပုံပေါ်တယ်။ ​

ဖန်းဟယ်ရဲ့ကြောင်လက်သည်းတွေက လီကျန်းရဲ့လက်မောင်းက မခုန်ဆင်းခင် နေ့တ၀က်လောက် လီကျန်းရဲ့ခန္ဓာကိုယ်ကို ကုတ်ခြစ်နေခဲ့တယ်။ သူ့ရဲ့ကြောင်လက်သည်းက ရေနဲ့ နီးလာတယ်။ ကြောင်တွေက ရေကြောက်ပေမယ့် ဖန်းဟယ်ကတော့ အဲဒီလိုမခံစားရပါဘူး။သူက  ကြည်လင်တဲ့ရေတွေကို ကြည့်လိုက်တယ်။ သူက ရေထဲဆင်းရတာကို တကယ်သဘောကျပြီး ငါးတချို့ဖမ်းနိုင်မလားဆိုတာ ကြိုးစားကြည့်ရမယ်။

သူ အဲ့ဒီအကြောင်းကို တွေးလိုက်ရုံရှိသေး ၊ လီကျန်းက သူ့ဘေးမှာ ရုတ်တရက် မတ်တပ်လာရပ်တယ်။ဖန်းဟယ်ရဲ့ပဟေဋ္ဌိဖြစ်နေတဲ့အကြည့်အောက်မှာ သူက သူ့ခြေထောက်ကို မြှောက်လိုက်ပြီး ရေထဲလျှောက်သွားလိုက်တယ်။

လီကျန်းက ငါးဖမ်းဖို့ တကယ် အောက်ကိုဆင်းလာတယ်ဆိုတာ ဖြစ်နိုင်လား။

ငါးကန်က နှစ်မီတာကနေ သုံးမီတာလောက်ထိနက်တယ်။ ဒါကြောင့် သူရေထဲ ဆင်းသွားတဲ့အခါ လီကျန်းက ချက်ချင်းမြုပ်သွားခဲ့တယ်။

လီကျန်းပျောက်သွားတာကို ဖန်းဟယ် မြင်လိုက်တယ်။ လီကျန်းကအသက်မရှိတော့ဘူးဆိုတာ သူသိပေမယ့် သူရေထဲကျသွားရင်တောင်  ဘာမှမဖြစ်နိုင်ပါဘူး၊ အများဆုံးကတော့ သူပြန်တက်လာရုံပဲလေ။ ဒါပေမယ့်လည်း ဖန်းဟယ်က အချိန် အတော်ကြာအောင် လှိုင်းဂယက်တစ်ခုမှထမနေတဲ့ ရေမျက်နှာပြင်ကို  စိုးရိမ်ပူပန်စွာ ကြည့်နေခဲ့တယ်။

ဇွန်ဘီဘုရင်ရဲ့အိမ်မွေးကြောင် [COMPLETE]✓Donde viven las historias. Descúbrelo ahora