Extra 2

2.3K 332 12
                                    

Unicode

Extra 2 (ကျွန်တော်က ကျားသစ်တစ်ကောင်ပဲ)

အချိန်က အရမ်းလျင်မြန်စွာကုန်လွန်သွားတယ်။သူတို့နှစ်ယောက်က  တောထဲမှာ စိတ်ကြိုက်ဆော့ကစားခဲ့ကြပြီးမှ လူရှာဖို့ခရီးကို ပြန်စခဲ့ကြတယ်။ ဒီတစ်ခါတော့ လမ်းပြကရှောင်ပိုင်ချူးမဟုတ်ဘူး။ အဲ့ဒီအစား ရှောင်စန်းက လူရှာဖို့ ခြေရာခံရမယ့်တာဝန်ကို ယူလိုက်တယ်။ ရှောင်ပိုင်ချူးကတော့ ရှောင်စန်းပုခုံးပေါ်ဆောင့်ကြောင့်ထိုင်နေရင်းနဲ့ မျက်လုံးမှိတ်ကာ နေပူစာလှုံနေတယ်။

မသိမသာမျက်မှောင်ကြုံ့ထားတဲ့ ရှောင်ပိုင်ချူးက စိတ်အခြေအနေမကောင်းဘူးဖြစ်နေတယ်။ဘာလို့လဲဆိုတော့ ရှောင်စန်းက အခုတစ်လော သူနဲ့အဝေးမှာနေ,နေလို့ပဲ။ ဘာမှားနေလဲဆိုတာသူမသိပေမယ့်  ရှောင်စန်းကို ကြည့်လိုက်တိုင်း သူကစိတ်ပျံ့လွင့်နေသလိုမျိုး ဖြစ်နေတာ။ သူက အခုဆို စကားကောင်းကောင်းပြောနိုင်နေပေမယ့် အခုတစ်လောတော့ စကားသိပ်မပြောဘူး။

ရှောင်ပိုင်ချူးက သူ့ကြောင်လက်လေးကိုဆန့်လိုက်ပြီး ရှောင်စန်းနားရွက်ကို လှမ်းကုတ်လိုက်တယ်။ ရှောင်စန်း ခဏရပ်သွားပြီး  သူ့လက်ကိုဆန့်ထုတ်ကာ ရှောင်ပိုင်ချူးရဲ့ဗိုက်လေးကို လက်နဲ့ထိုးလိုက်တယ်။ ထို့နောက် ရှောင်ပိုင်ချူး လှုပ်လာပြီး  'အာ-ဝူး အာ-ဝူး'အော်နေရင်းနဲ့ ရှောင်စန်းလည်ပင်းကို ဖက်လာတယ်။

ရှောင်စန်းက လက်ဆန့်ကာ သူ့ကို သူ့ရင်ခွင်ထဲပွေ့ထားရင်း အရှိန်ထပ်တင်လိုက်တယ်။ သူ အခု ဖန်းဟယ်နဲ့ကျန်တဲ့သူတွေကို တတ်နိုင်သမျှ မြန်မြန်လေးရှာချင်နေတယ်။ ဒီရက်တွေမှာ သူ့အသိစိတ်က ပို,ပိုရှင်းလင်းလာပြီး သူ့ရဲ့ တစ်ချို့ခံစားချက်တွေကိုနားလည်လာတယ်။ ပြီးတော့ ဝေဝါးနေတဲ့ မှတ်ဉာဏ်အများစုကလည်း ရှင်းလင်းလာခဲ့တယ်။ ဖန်းဟယ်က ကြောင်ကနေ လူပုံပြောင်းနိုင်မှန်းလည်း သူသိတယ်။ပြီးတော့ သူတို့ဧကရာဇ်ကလည်း  ဖုတ်ကောင်တိုင်းကို အာရုံခံစားမှုပေးနိုင်တယ်။

ဒါကြောင့် သူ့လက်ထဲက ရှောင်ပိုင်ချူးလည်း တစ်ပုံစံတည်းလုပ်နိုင်မလားဆိုတာ သူသိချင်တယ်။

ဇွန်ဘီဘုရင်ရဲ့အိမ်မွေးကြောင် [COMPLETE]✓Onde histórias criam vida. Descubra agora