Chapter 52

1.9K 324 0
                                    

Unicode

Chapter 52- အဆိပ်စွမ်းအင်ဖုတ်ကောင်

လီကျန်းက ဖန်းဟယ်ရဲ့ လက်လေးကို ညှစ်လိုက်တယ်။ ဖန်းဟယ်ကိုသယ်ထားရင်းလဲ ပွတ်သပ်ပေးလိုက်ပြီးတော့ ထွက်သွားဖို့ပြင်လိုက်တယ်။

အဆုံးမှာတော့ သူ့ရဲ့ခံစားချက်က ဘယ်လိုမှန်း ဖန်းဟယ်ပြောမပြတတ်တော့ဘူး။ သူက လီကျန်းရဲ့လက်‌မောင်းကြားမှာလှဲနေပြီး စကားမပြောတော့ဘဲ လီကျန်းဖက်တာကိုခံရင်း ထွက်လာလိုက်တယ်။

တီဗွီတင်တဲ့နံရံကိုဖြတ်သွားတော့ လီကျန်းက ရပ်လိုက်ပြီး အပေါ်က ဓာတ်ပုံကိုကြည့်လိုက်တယ်။ ဖန်းဟယ်က ဘာမှမပြောပေမယ့် ဓာတ်ပုံထဲက လူတွေက ဖန်းဟယ်ရဲ့ဦးလေးနဲ့အဒေါ်မှန်း လီကျန်းသိသိသာသာကို ခန့်မှန်းမိပါတယ်။ လီကျန်းက သူ့လက်ကိုဆန့်ထုတ်လိုက်တာနဲ့ ဓာတ်ပုံက အစိတ်စိတ်ကွဲသွားပြီး မြေပေါ်ကျသွားတယ်။

ဖန်းဟယ်က ခေါင်းမော့လိုက်ပြီး  လီကျန်းရဲ့တင်းကျပ်နေတဲ့နှုတ်ခမ်းတွေကို ကြည့်လိုက်တယ်။ ရုတ်တရက် ဘာလို့မှန်းမသိ သူနေလို့ကောင်းသွားတယ်။ လီကျန်းရဲ့လက်က သူ့ကိုကိုင်ထားပြီးနောက် သူ့ရဲ့နွေးထွေးတဲ့ ပန်းရောင်နှာခေါင်းလေးက လီကျန်းရဲ့လက်ဖဝါးကို ပွတ်သပ်လိုက်တယ်။

လီကျန်းက မသိမသာတုံ့ဆိုင်းသွားပြီး သူက ဖန်းဟယ်ကိုကိုင်ထားရင်းနဲ့ လမ်းလျှောက်ထွက်သွားလိုက်တယ်။ တိုက်ထဲကနေထွက်လာပြီးခဏလောက်ကြာမှ သူက နေရာလွတ်ထဲကနေ ကားတစ်စီးထုတ်လိုက်တယ်။ ဖန်းဟယ်ကိုလက်တစ်ဖက်ကကိုင်ထားရင်းနဲ့ သူက လမ်းတစ်လျှောက်မောင်းချသွားလိုက်တယ်။ ကမ္ဘာပျက်ကပ်အတွင်း ရှုပ်ထွေးပျက်စီးနေတဲ့လမ်းတွေက  လီကျန်းရဲ့မျက်လုံးထဲမှာတော့ ဘာမှမဟုတ်ဘူး။ သူက မောင်းနေတဲ့ လမ်းကိုရှင်းလင်းရင်းနဲ့ T city ရဲ့အရှေ့မြောက်ဘက်ကို သွားလိုက်တယ်။

အသံအကျယ်ကြီးတွေလုပ်နေကြတဲ့ လူတစ်ယောက်နဲ့ ကြောင်တစ်ကောင်က လူမြင်သွားမှာကိုစိတ်မပူကြဘူ။ ပြောရရင် သူတို့က မြင်သွားရင်ပိုကောင်းမယ်လို့ တွေးနေကြတာ။ သူတို့ကဗီဇပြောင်းတွေမှန်း မြို့ထဲမှာပျံ့နှံ့နေရင် နေရာပြောင်းတဲ့အခါ သူတို့ရဲ့နေရာက ပိုမြင့်မားလာနိုင်တယ်လေ။

ဇွန်ဘီဘုရင်ရဲ့အိမ်မွေးကြောင် [COMPLETE]✓Opowieści tętniące życiem. Odkryj je teraz